ရခိုင်ပြည်နယ်လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုကို ကော်မရှင် မရရှိခဲ့ဟု ဆို

ရခိုင်ပြည်နယ်လွှတ်တော်နှင့် အရပ်ဖက်အဖွဲ့များ၏ ပူးပေါင်းပါဝင်မှုကို ကော်မရှင် မရရှိခဲ့ဟု ဆို

ရခိုင်ပြည်နယ်လွှတ်တော် အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုကို မရရှိခဲ့ဟု ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ဆိုသည်။

ကော်မရှင်သည် ၎င်းတို့၏ မတ်လက ထုတ်ပြန်ခဲ့သော ကြားဖြတ်အစီရင်ခံစာနှင့် တိုးတက်ဖြစ်ပေါ်မှုများ အခြေအနေများကို လေ့လာသုံးသပ်နိုင်ရန် စစ်တွေမြို့သို့ မေ ၉ ရက်တွင် ရောက်ရှိလာပြီး   ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့သည်။

ယင်းနောက် စစ်တွေရှိ သတင်းမီဒီယာများနှင့် တွေ့ဆုံမှုတရပ်ကို ပြုလုပ်ခဲ့ပြီး ကော်မရှင်အနေနှင့် လုပ်ငန်းစဉ်များ ပိုမိုထိရောက်မှု ရှိစေရန် ပြည်နယ်အတွင်း ရုံးခန်းဖွင့်လှစ်ရန်ထိ ရည်ရွယ်ခဲ့သော်လည်း အကောင်ထည်ဖော်နိုင်ခဲ့ခြင်း မရှိသည်မှာ ပူးပေါင်းပါဝင်မှုများကို မရရှိခဲ့ခြင်းကြောင့်ဟု ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျမတို့ဘက်က အကြံပေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်အောင်အတွက် ရခိုင်ပြည်နယ်မှာ ရုံးခန်းတစ်ခု ဖွင့်နိုင်အောင်ဆိုပြီးတော့ အကြံပေးခဲ့ပါတယ်။ ဒါဟာ ကျွန်မရဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ရခိုင်ပြည်သူတွေအနေနဲ့ ဒီကော်မရှင်အပေါ်မှာ တကယ်ပံ့ပိုးခဲ့မယ်။ တကယ်ပူးပေါင်းခဲ့မယ် ဆိုလို့ရင် ဒီအဖွဲ့အစည်းတွေက ဖြစ်သွားမှာပါ။ ဒါပေမဲ့ ရခိုင်ပြည်သူတွေရော၊ လွှတ်တော်ဘက်ကရော၊ CSO တွေဘက်ကရော ဘယ်လိုမှ မပူးပေါင်းနိုင်ပါဘူး ဆိုတဲ့အခါ ကျမရဲ့တွန်းအားတွေလဲ နည်းသွားတယ်။ ဒါကြောင့်လဲ ကျမတို့လိုချင်တဲ့ ဟာမရလိုက်ပါဘူး။” ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဒေါ်စောခင်တင့်က ပြောသည်။

ကော်မရှင်အား ရခိုင်ပြည်နယ်ရှိ လူ့အသိုက်အဝန်းနှစ်ခုကြားက ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး အကြံပြုချက်များ ပေးနိုင်ရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သော်လည်း ရခိုင်ပြည်နယ်လွှတ်တော်မှ အဆိုပါ ကော်မရှင်ကို ဖျက်သိမ်းရန် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

ကော်မရှင်၏ ယခုခရီးစဉ်သည် ကြားဖြတ်အစီရင်ခံကို ထုတ်ပြန်ပြီး ပထမဦးဆုံးအကြိမ်ဖြစ်သလို အစီရင်ခံစာအပေါ် ဒေသနေ လူ့အဖွဲ့အစည်းနှစ်ခုလုံး၏ သဘောထားများကို လာရောက်လေ့လာရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly