ဘောလုံးကလောင်ရှင်များ၏ အကောင်းဆုံးကစားသမားဆုကို ကန်တီရရှိ

ဘောလုံးကလောင်ရှင်များ၏ အကောင်းဆုံးကစားသမားဆုကို ကန်တီရရှိ

မေ ၉၊ လန်ဒန်။           ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား အန်ဂိုလို ကန်တီကို ဘောလုံးအားကစားကလောင်ရှင်များအစည်းအရုံးက တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမားအဖြစ် ရွေးချယ်လိုက်သည်။

ချယ်လ်ဆီးအသင်းမှ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်က ဒုတိယ၊ စပါးအသင်းမှ အင်္ဂလိပ်ကွင်းလယ်ကစားသမား ဒယ်လီ အလီက တတိယ ရရှိကြသည်။

အသက် ၂၆ နှစ်အရွယ် ကန်တီအနေဖြင့် ၂၀၁၆-၁၇ ရာသီအတွက် ပရော်ဖက်ရှင်နယ်ကစားသမားအစည်းအရုံးက ပေးအပ်သည့် အကောင်းဆုံးကစားသမားဆုရပြီးနောက် ယခုဆုကိုထပ်မံရရှိခဲ့ခြင်းဖြစ်သည်။

ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားသည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်းပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် ကူညီ ပေးနိုင်ခဲ့သကဲ့သို့ လက်ရှိရာသီတွင်လည်း ချယ်လ်ဆီးအသင်းနှင့် ဖလားရရန် နီးစပ်နေပြီဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly