ယူအေအီးကလပ် အယ်ဖူဟိုင်ရက်အသင်းနှင့်အတူ နည်းပြလောကထဲ မာရာဒိုနာပြန်ဝင်လာ

ယူအေအီးကလပ် အယ်ဖူဟိုင်ရက်အသင်းနှင့်အတူ နည်းပြလောကထဲ မာရာဒိုနာပြန်ဝင်လာ

မေ ၈၊ အဘူဒါဘီ။            ။ ဒီယေဂိုမာရာဒိုနာသည် ယူအေအီးကလပ် အယ်ဖူဟိုင်ရက်အသင်းနည်းပြအဖြစ် ခန့်အပ်ခံလိုက်ရသည်။ အသက် ၅၆ နှစ်ရှိ အာဂျင်တီးနားကြယ်ပွင့်ဟောင်းသည် ၂၀၁၂ တွင် ဒူဘိုင်းကလပ် အယ်ဝါဆယ်အသင်းမှထုတ်ခံရပြီးနောက် အသင်းလက်မဲ့ နေရာမှ ယူအေအီးဒုတိယတန်းကလပ်၏ နည်းပြဖြစ်လာခဲ့ခြင်းဖြစ်သည်။

“မာရာဒိုနာဟာ ဖူဟိုင်ရက်အသင်းရဲ့ နည်းပြဖြစ်လာခဲ့ပါပြီ ”အသင်း၏ တွစ်တာတွင် ရေးထားသည်။ မာရာဒိုနာကလည်း ၎င်း၏ facebook တွင် “အယ်ဖူဟိုင်ရက်အသင်းရဲ့ နည်းပြသစ်ဖြစ်သွားပြီ ဆိုတာကို ပြောပြချင်ပါတယ်။ ယူအေအီးနိုင်ငံက ဒုတိယတန်း ကလပ်ပါ”ဟု ရေးထားသည်။

၎င်းကိုယ်တိုင်တင်ထားသည့် ဓါတ်ပုံတွင် အယ်ဖူဟိုင်ရက်အသင်းဂျာစီနှင့် ကျောဘက်၌ ၎င်း၏အကြိုက်ဆုံး နံပါတ် ၁၀ ပါရှိသည်။

မာရာဒိုနာသည် ကစားသမားဘဝက နိုင်ငံအသင်းနှင့်အတူ ၁၉၈၆ ကမ္ဘာ့ဖလားရရှိခဲ့ပြီး နောက်လေးနှစ်အကြာတွင်လည်း ဗိုလ်လုပွဲထပ်ရောက်ခဲ့သည်။ စီးရီးအေကလပ်နာပိုလီနှင့်အတူ စီးရီးအေဖလားနှစ်ကြိမ်ရခဲ့သည်။

ဘာစီလိုနာ၊ ဆီဗီလာ၊ ဘိုကာဂျူနီယာတို့နှင့်လည်း ကစားသမားဘဝကိုရှေ့ဆက်ခဲ့ပြီး ဘရာဇီးဂန္ထဝင်ပီလီနှင့် နှိုင်းယှဉ်ပြောဆို ခံရလေ့ရှိသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly