မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်

မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်
ဓါတ်ပုံ- အောင်အောင်ထူး/RiA

စစ်တွေ၊ မေ ၈ ရက်။          ။  ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA (၈) နှစ်ပြည့် အထိမ်းအမှတ် ဘောလုံးပွဲနှင့် ဟောပြောပွဲများ ကျင်းပသည့်အတွက် ဖမ်းဆီးခံထားရသည့် မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနှင့် ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် မေလ ၇ ရက် နေ့လည် ၁ နာရီအချိန်ခန့်က စစ်တွေမြို့တွင် လူထုဆန္ဒထုတ်ဖေါ်မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်မှုကို အမျိုးသမီး အလင်းတံခါးအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်တွေဒေသခံများ ပူးပေါင်းပါဝင်ခဲ့ကြကာ ဆရာတော်နှင့် ကိုခိုင်နီမင်းတို့ကို လွှတ်ပေးရန်အတွက် အစိုးရကိုတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“ရခိုင်ပြည်မှာ(ဘက)ကျောင်းထူထောင်ပြီး မရှိဆင်းရဲတဲ့ ကလေးတွေကို စာသင်ပေးတယ်။ ကျန်းမာရေးကအစ တာဝန်ယူပေးတဲ့ ဆရာတော်တစ်ပါးနဲ့ ခိုင်နီမင်းဆိုတာကလည်း ကိုယ့်ရခိုင်ပြည်အတွက် အလုပ်လုပ်ပေးနေသူ ဖြစ်တယ်။ အခုသူတို့ကို ဖမ်းထားတယ်  အဲ့ဒါကြောင့်မို့ လွတ်စေချင်တဲ့အတွက် ဆန္ဒပြရခြင်း ဖြစ်ပါတယ်။ သူတို့အခုလို ဖြစ်သွားတယ်ဆိုတော့ ပြည်သူလုထုက သိပ်ခံစားရတာပေါ့။ ” ဟု ဆန္ဒဖော်ထုတ်ရာ၌ ပါဝင်သည့် ဆရာတော ်ဦးဥတ္တမက ပြောသည်။

ဆန္ဒထုတ်ဖေါ်ပွဲတွင် မြတန်ဆောင်းဆရာတော်နှင့် ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေး၊ ရဟန်းသံဃာတော်များအား အစိုးရမှ လေးစားရေးစသည့် အချက်များဖြင့် တောင်းဆိုဆန္ဒထုတ်ဖေါ်ခဲ့ကြခြင်းဖြစ်ပြီး လူထု ၇၀ ကျော်ခန့်ပါခဲ့ကြောင်း လည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly