ချင်းပြည်နယ် ဟားခါး မိုးဆက်တိုက်ရွာ မြေပြို၊ အိမ်ပြို၊ လမ်းတံတားပြိုကျ

ချင်းပြည်နယ် ဟားခါး မိုးဆက်တိုက်ရွာ မြေပြို၊ အိမ်ပြို၊ လမ်းတံတားပြိုကျ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဇူလိုင် ၂၄ ရက်နေ့မှ စ၍ မိုးဆက်တိုက်ရွာသွန်းမှုကြောင်း မြေပြိုမှု၊ အိမ်ပြိုမှု၊ လမ်း၊ တံတားပြိုကျပျက်စီးမှုများ ဖြစ်ပွားလျက်ရှိသည်။
 
ဇူလိုင် ၃၀ အထိ လူနေအိမ် (၁၉) လုံး ပြိုကျပျက်စီးပြီး အန္တရာယ်ရှိ၍ ရွှေ့ပြောင်းပေးရသည့် အိမ်ထောင်စု (၅၇) စုရှိကာ ကျန်းမာရေး၊ လုံခြုံရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ပေးနေသည်။
 
လမ်း၊ တံတားများ ပြိုကျပျက်စီးမှုကြောင့် ဟားခါး-ဖလမ်းလမ်း၊ ဟားခါး-ဂန့်ဂေါလမ်း၊ ဟားခါး-မတူပီလမ်း၊ ဟားခါး-ထန်တလန်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများပျက်ဆီးသွားသဖြင့် ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်နေရသည်။
Source - MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly