နယူးဒေလီက ကွန်တင်နာဆိပ်ကမ်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်၍ ကျောင်းသား ၈၀ ကျော် ဆေးရုံတင်ပို့ရ

နယူးဒေလီက ကွန်တင်နာဆိပ်ကမ်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်၍ ကျောင်းသား ၈၀ ကျော် ဆေးရုံတင်ပို့ရ

နယူးဒေလီ၊ မေ ၆ ။               ။ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီက ကျောင်းတစ်ကျောင်းအနီးရှိ ကွန်တင်နာဆိပ်ကမ်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားရာ ကျောင်းသားကျောင်းသူ ၈၅ ဦး   ဆေးရုံတင်ပို့ရမှု မေ ၇ ရက်က ဖြစ်ပွားကြောင်း တာဝန်ရှိသတင်းရင်းမြစ်များက ပြောသည်။

“ဒေလီက တုဂဟာကာဘတ်အရပ်ရှိ ကွန်တင်နာဆိပ်ကမ်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တာပါ။ ဒါကြောင့် အနီးက အစိုးရကျောင်းက ကျောင်းသားကလေးငယ်တွေ ဓာတ်ငွေ့ယိုစိမ့်မှု ဒဏ်ကို ခံစားရပါတယ်။” ဟု ဒေလီပြည်နယ် လက်ထောက်ဝန်ကြီးချုပ် မာနစ်စီဆိုဒီယာက ၎င်း၏တွစ်တာတွင် ရေးသားသည်။

ကျောင်းသားကျောင်းသူ ၈၅ ယောက်ကို နယ်မြေဧရိယာအတွင်းက ဆေးရုံသုံးရုံကို ခွဲတင်ခဲ့ကြောင်း၊ ကလေးငယ်များက မျက်လုံး ကျိန်းစပ်မှု ဝေဒနာများ ခံစားရသော်လည်း အားလုံးမှာ အခြေအနေ မစိုးရိမ်ရကြောင်း ၎င်းက ရေးသားသည်။

အာဏာပိုင်များက ခရိုင်တာဝန်ရှိသူများအား အခင်းဖြစ်ရပ် အသေးစိတ်ကို စစ်ဆေးရန် အမိန့်ပေးထားကြောင်းလည်း ၎င်းက ဆိုသည်။

အမျိုးသားသဘာဝဘေးတုံ့ပြန်မှုတပ်ဖွဲ့က ဓာတ်ငွေ့ယိုစိမ့်မှု နေရာသို့ ရောက်ရှိကာ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

အိန္ဒိယတွင် မြေပြိုမှု၊ မီးလောင်မှုနနှင့် စက်ရုံလုပ်ငန်းများနှင့် ပတ်သက်သော မတော်တဆဖြစ်မှုများက မကြာခဏဖြစ်ပွားလေ့ရှိသည်။ အခြေခံအဆောက်အအုံများ စံနှုန်းမမီခြင်း၊ ပြုပြင်ထိန်းသိမ်းမှု နည်းပါးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အကျင့်ပျက်ခြစားမှုနှင့် ဥပဒေဘောင်အပြင်ဖက်ရောက် အမူအကျင့်များကြောင့် ယခုကဲ့သို့ ဖြစ်ပွားခြင်းများ ကြုံတွေ့ရလေ့ ရှိနေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly