စာချုပ်သစ်အတွက် ခရွန်ကီနှင့် အိုဇေးလ် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နေ

စာချုပ်သစ်အတွက် ခရွန်ကီနှင့် အိုဇေးလ် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်နေ

မေ ၆၊ လန်ဒန်။             ။ အာဆင်နယ်အသင်းမှ ထွက်ခွာတော့မည်ဟု သတင်းများထွက်ပေါ်နေသော အာဆင်နယ်အသင်းမှ ဂျာမနီလက်ရွေးစင်ကစားသမား အိုဇေးလ်မှာ စာချုပ်သစ်အတွက် ဒါရိုက်တာ ခရွန်ကီနှင့် တိုက်ရိုက်ဆွေးနွေးမှုများပြုလုပ်နေသည်။

အိုဇေးလ်မှာ ၂၀၁၃ ဘောလုံးရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ အာဆင်နယ်သို့ပြောင်းလာပြီးရွှေ့လာပြီးနောက် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြကစားနေသူဖြစ်သည်။ အာဆင်နယ်နှင့် အိုဇေးလ်တို့ စာချုပ်သက်တမ်းမှာ ယခုနှစ်ကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး အိုဇေးလ်က စာချုပ်သစ်အတွက် ရာသီကုန်မှ စဉ်းစားမည်ဟုပြောသည်။ ပုံမှန်အားဖြင့် အာဆင်နယ်ကစားသမားများ စာချုပ်ကိစ္စကို အပြောင်းအရွှေ့အရာရှိချုပ် ဒစ်လောက ကိုင်တွယ်လေ့ရှိသော်လည်း အိုဇေးလ်မှာ အထူးအနေဖြင့် ခရွန်ကီနှင့်တိုက်ရိုက်ဆွေးနွေးနေခြင်းဖြစ်သည်။

အိုဇေးလ်မှာ အာဆင်နယ်အသင်းအတွက် ၁၀၇ပွဲကစားထားပြီး ၂၁ဂိုးသွင်းယူထားပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက်လည်း ၈၄ပွဲကစားထားပြီး ၂၁ဂိုးသွင်းယူထားနိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly