ဘီယွန်းစေး၏နှုတ်ခမ်းကို ဆေးထိုးထားသည်ဆိုသော သတင်းများအား သူမ၏ပြန်ကြားရေးဖြစ်သူ ငြင်းဆန်

ဘီယွန်းစေး၏နှုတ်ခမ်းကို ဆေးထိုးထားသည်ဆိုသော သတင်းများအား သူမ၏ပြန်ကြားရေးဖြစ်သူ ငြင်းဆန်

နာမည်ကျော်အဆိုတော် ဘီယွန်းစေးသည် သူမ၏ နှုတ်ခမ်းအား လှပစေရန်ဆေးထိုးထားသည်ဆိုသော မမှန် သတင်းများကို သူမ၏ပြန်ကြားရေးတာဝန်ခံတစ်ဦးက တရားဝင်ငြင်းဆိုခဲ့သည်။
အဆိုတော်၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ အီဗစ်နိုရယ်ရှောသည် Media TakeOut မှ ထုတ်ပြန်ခဲ့သော မမှန် သတင်းများကို ပြင်းထန်သောစကားလုံးများ ပါဝင်သည့်   ကြေညာချက်ထုတ်ကာ   ငြင်းဆန်ခဲ့သည်။

“ဘီယွန်းစေးရဲ့နှုတ်ခမ်းတွေဟာ ပိုမိုပြည့်ဖြိုးလာတဲ့ပုံစံပေါက်နေပါတယ်။ ဘာလို့လဲဆိုတော့ သူမဟာကိုယ်ဝန် လွယ်ထားရလို့ပါ” ဟု သူမက ပြောကြားခဲ့သည်။

“ကိုယ်ဝန်ဆောင်ထားရခြင်းဟာ အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ခန္ဓာကို ဘယ်လိုမျိုးသက်ရောက်စေလဲဆိုတာ ရှင်တို့ သိကြရဲ့လား” ဟု မမှန်သတင်းကြေညာခဲ့သူများကို တုံ့ပြန်သော ထုတ်ပြန်ချက်ထဲ၌ ပြောခဲ့သည်။

“ကိုယ်ခန္ဓာအလေးချိန် တက်လာတဲ့အပြင် သွေးစီးဆင်းမှုစနစ်ထဲမှာလည်း ထူးခြားတဲ့အပြောင်းအလဲတွေဖြစ်ပြီး သွေးရည်မြင့်တက်လာတာကြောင့် ဖောင်းမို့လာတတ်တယ်ဆိုတာရော သိကြရဲ့လား။ အမျိုးသမီးတွေရဲ့ သွားဖုံးရောင်လာတတ်တာရော သိကြရဲ့လား။ တခါတလေမှာ စကားပြောဆိုရခက်ပြီး၊ အစာ စူစူးစိုက်စိုက်ဝါးဖို့တောင် ခက်ခဲတတ်တာရော သိကြရဲ့လား” ဟု သူမက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ပရိသတ်များက ဘီယွန်းစေး၏ နှုတ်ခမ်းမှာ ယခင်ကထက် ပိုမိုပြီး ဖူးဖူးလေးဖြစ်လာသည်ကို သတိထားမိသော ကြောင့် နှုတ်ခမ်းကိုဆေးထိုးထားသည်ဆိုသော ယခုလို ခန့်မှန်းပြောဆိုချက်များ   ပေါ်ထွက်လာခြင်းဖြစ်သည်။

သို့သော်လည်း ဘီယွန်းစေး၏ ပြန်ကြားရေးတာဝန်ခံဖြစ်သူက သူမသည် ယခုသတင်းနှင့်ပက်သက်၍ အလွန် စိတ်ဆိုးခဲ့ရသောကြောင့် Media TakeOut သတင်းဌာနမှ ဝန်ထမ်းများကို ရည်ညွှန်းကာ ပြောဆိုရခြင်းဖြစ်သည် ဟု ပြောခဲ့သည်။

အလားတူဖြစ်ရပ်မျိုးကို နာမည်ကျော်မော်ဒယ် ကင်မ်ကာဒါရှန်းလည်း လွန်ခဲ့သော ၂၀၁၃ ခုနှစ်တွင် သူမ ကိုယ်ဝန်ဆောင်စဉ်က ကြုံခဲ့ဖူးပြီး သူမ၏ နှုတ်ခမ်းကို ရိုက်ကူးထားသော ဓာတ်ပုံအား အင်စတာဂရမ်ပေါ်သို့ တင်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags