ဆိုလာပြားကြောင့် ဖြစ်သည်ဟုဆိုသော မီးလောင်မှုတွင် နေအိမ်ပိုင်ရှင်အား အမှုဖွင့်

ဆိုလာပြားကြောင့် ဖြစ်သည်ဟုဆိုသော မီးလောင်မှုတွင် နေအိမ်ပိုင်ရှင်အား အမှုဖွင့်
ဓာတ်ပုံ မင်းမျိုးနွယ်/RiA

စစ်တွေ၊ မေ ၄ ရက်။                   ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် မေလ ၃ ရက်နေ့ ညနေ ၈ နာရီကျော် အချိန်ခန့််က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ မီးစတင်လောင်ကျွမ်းခဲ့သည့်   နေအိမ်ပိုင်ရှင်အား မေလ ၄ ရက်နေ့က စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ အမှုဖွင့်အရေးယူမှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်၌ နေထိုင်သူ ဒေါ်နူလီမာဟာ၏ နေအိမ်၌တပ်ဆင်ထားသည့် ဆိုလာမီးအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်နှစ်လုံးခန့် ပျက်စီးခဲ့ရကြောင်းသိရသည်။

အိမ်ပိုင်ရှင်ဖြစ်သည့်  ဒေါ်နူလီမာဟာ အသက် ၆၀ နှစ်နှင့် ဦးမာမောက်အီနူ အသက် ၃၃ နှစ်တို့ နှစ်ဦးအား မီးပေါ့ဆမှုဖြင့် အမှတ် (၁) ရဲစခန်းမှ (ပ) ၆၀၉/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်၌ လူစုလူဝေးအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဖြင့်တားဆီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းနေထိုင်သူများက လာရောက်မီးငြှိမ်းသတ်မှုကြောင့် မေလ ၃  ရက်နေ့ ည ၁၀ နာရီအချိန်တွင် မီးငြိမ်သက်နိုင်ခဲ့ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly