အာဆင်နယ်နှင့်ပွဲအတွက် ကစားသမားများကို အနားပေးထားမည်ဟု မော်ရင်ဟိုပြော

အာဆင်နယ်နှင့်ပွဲအတွက် ကစားသမားများကို အနားပေးထားမည်ဟု မော်ရင်ဟိုပြော

မေ ၅၊ မန်ချက်စတာ။              ။ တနင်္ဂနွေနေ့တွင် အာဆင်နယ်အသင်းနှင့်သွားကစားရမည့် ပရီးမီးယားလိဂ်ပွဲအတွက် ကစားသမားများကိုအနားပေးထားမည်ဟု မန်ချက်စတာယူနိုက်တက် နည်းပြ မော်ရင်ဟိုက ပြောသည်။

ကြာသပတေးညက ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့တွင် ဆယ်လ်တာဗီဂိုကွင်း၌ ၁-၀ ဂိုးဖြင့်အနိုင်ရသည့်ပွဲမှာ ယူနိုက်တက်အတွက် ဧပြီ ၁ရက်နေ့မှစတင်ရေတွက်လျှင် ၁၀ ပွဲမြောက် ပွဲစဉ်ဖြစ်သည်။

မော်ရင်ဟို၏အသင်းမှာ ပရီးမီးယားလိဂ် အဆင့် ၅ နေရာတွင်ရပ်တည်နေရာ လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရန် ယူရိုပါလိဂ်က အကောင်းဆုံးအခွင့်အရေးဖြစ်နေသည်။

“မိနစ်ပေါင်းများစွာကစားထားရတဲ့ ကစားသမားတွေဟာ ရက်သတ္တပတ်ကုန်မှာ ပွဲကစားမှာမဟုတ်ပါဘူး”ဟု မော်ရင်ဟိုက ပြောသည်။

ရက်ရှ်ဖို့ဒ်၏ဖရီးကစ်ဂိုးမှာ စပိန်တွင်ယူနိုက်တက်ကိုနိုင်ပွဲရယူပေးခဲ့ပြီး နောက်တစ်ပတ်ကြာသပတေးနေ့တွင် အိုးထရက်ဖို့၌ ပြန်လည်ကစားရမည့် ဒုတိယအကျော့အတွက်လည်း အဝေးဂိုးတစ်ဂိုးရစေခဲ့သည်။

အကယ်၍ မေ ၂၄ တွင် စတော့ဟုမ်း၌ကစားမည့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပါက ယူနိုက်တက်အတွက် လက်ရှိရာသီ ၆၄ ပွဲ မြောက်ပွဲဖြစ်လာမည်ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly