မော်ရင်ဟိုသည် ကစားသမားကို နှိမ့်ချနေသည်ဟု ဆပ်တန်ပြောဆို

မော်ရင်ဟိုသည် ကစားသမားကို နှိမ့်ချနေသည်ဟု ဆပ်တန်ပြောဆို

မေ ၄၊ မန်ချက်စတာ။             ။  မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုသည် ကစားသမားများ၏ ခြေစွမ်းအပေါ်မေးခွန်းများ ထုတ်ခြင်းအားဖြင့် နှိမ့်ချနေသည်ဟု ဘလက်ဘန်းတိုက်စစ်မှူးဟောင်း ခရစ္စ ဆပ်တန်က ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် လုခ်ရှော၏ခံယူချက်နှင့်ပတ်သက်ပြီး ဝေဖန်ခဲ့ပြီး စမောလင်းနှင့် ဖီးလ်ဂျံုးစ်တို့မှာ ဒဏ်ရာမှပြန်ကောင်း လာရန်ရှိနေသည်။

မော်ရင်ဟိုအနေဖြင့် ကစားသမားများ၏ဆန့်ကျင်မှုကို ၎င်းအတွက်စွန့်စားမှုတစ်ရပ်အနေဖြင့် ပြောင်းလဲယူနေသည်ဟု ဆပ်တန်က ပြောသည်။

ဘယ်နောက်ခံလူ လုခ်ရှောသည် ဆွမ်ဆီးနှင့်တစ်ဂိုးစီသရေကျသည့်ပွဲတွင်ရရှိခဲ့သည့် ခြေဖဝါးဒဏ်ရာကြောင့် ရာသီလက်ကျန် ပွဲများကို လွဲချော်ရမည်ဖြစ်သည်။

ခြေချောင်းဒဏ်ရာကြောင့်လည်းကောင်း၊ ဒူးဒဏ်ရာကြောင့်လည်းကောင်း မတ် ၁၉ ရက်ကတည်းက ကစားနိုင်ခြင်းမရှိသည့် ဂျံုးစ်နှင့် စမောလင်းတို့မှာ အသင်းနှင့်ပြန်ကစားနိုင်ရန်နီးစပ်နေပြီဖြစ်သည်။

“ကျွန်တော်ကြံုဖူးတဲ့နည်းပြတွေဟာ ပြောဆိုစရာရှိရင် အဝတ်လဲခန်းထဲမှာပြောတတ်ကြပေမယ့် လူအများရှေ့မှာတော့ ကစား သမားဘက်က ထောက်ခံကာကွယ်ကြပါတယ်။

မော်ရင်ဟိုကတော့ အဲဒီလိုမဟုတ်ပါဘူး။ အဲဒါတွေက သူ့အတွက် ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အခု့သူပြောနေပုံတွေကို ကြည့်ရတာ ကျွန်တော့်အမြင်တော့ ‘ဒီကစားသမားတွေကို အသင်းမှာမလိုချင်ဘူး။ အစားထိုးဖို့လိုနေပြီ’ လို့ မန်ယူနိုက်တက် ဘုတ်အဖွဲ့ကို ပြောနေသလိုပါပဲ။ သူက ပေါကြောင်ကြောင်နိုင်သူမဟုတ်လို့ သူဘာပြောနေလဲဆိုတာ သူသိမှာပါ”ဟု ဆပ်တန်က ဆိုသည်။

မော်ရင်ဟိုသည် မကြာသေးခင်ရက်သတ္တပတ်များက နောက်ခံလူသုံးဦးစလုံးကို တိုက်ရိုက်ဝေဖန်မှုများပြုလုပ်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly