ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မှု ရပ်ဆိုင်းထားမည်ဟု ဆီးရီးယားသူပုန်အဖွဲ့ ပြော

ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်ရှိနေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်မှု ရပ်ဆိုင်းထားမည်ဟု ဆီးရီးယားသူပုန်အဖွဲ့ ပြော

မေ ၃ ။                      ။ ဆီးရီးယားမှာ လက်ရှိအချိန်ထိ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်တွေ ဆက်ရှိနေဆဲ ဖြစ်နေတာကြောင့် ကာဇက်စတန်မှာ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပါ၀င်တက်ရောက်နေမှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ဆီးရီးယားသူပုန်အဖွဲ့ဘက်က ပြောဆိုလိုက်ပါတယ်။

လက်ရှိအချိန်မှာ ရုရှအစိုးရက ပံ့ပိုးပေးထားတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့မှာ ပြုလုပ်နေပေမယ့်လည်း ဆီးရီးယားပြည်တွင်းမှာတော့ ပစ်ခတ်မှုတွေက ပိုဆိုးလာတဲ့အခြေအနေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ယခုလို ဆွေးနွေးပွဲတက်ရောက်မှုကို ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သူပုန်အဖွဲ့က ပြောပါတယ်။

" သူပုန်အဖွဲ့ဘက် က ကိုယ်စားလှယ်တွေကတော့  ခု ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ နောက်ဆုံးအကျော့ဆွေးနွေးပွဲတွေမှာ တက်ရောက်မှာမဟုတ်တော့ပါဘူး၊ ဆီးရီးယားနိုင်ငံ တစ်ဝှမ်း ဗုံးကြဲတိုက်ခိုက်မှုတွေ အားလုံး မရပ်မချင်း ဒီဆွေးနွေးပွဲတွေ ပြန်တက်သွားမှာမဟုတ်ပါဘူး" လို့ သူပုန်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags