ဗာရက်တီ၏ အနာဂတ်အတွက် ဆွေးနွေးလိုကြောင်း ပီအက်စ်ဂျီအသင်းကို အေးဂျင့်ဖြစ်သူ ပြော

ဗာရက်တီ၏ အနာဂတ်အတွက် ဆွေးနွေးလိုကြောင်း ပီအက်စ်ဂျီအသင်းကို အေးဂျင့်ဖြစ်သူ ပြော

မေ ၃၊ ပြင်သစ် ။             ။ ပြင်သစ်ရှုံးထွက်ဖလားဗိုလ်လုပွဲစဉ်အပြီးတွင် သူ၏ကစားသမားဘဝ အနာဂတ်အတွက် ဆွေးနွေးလိုကြောင်း ဗာရက်တီ၏ အေးဂျင့်ဖြစ်သူက ပီအက်စ်ဂျီအသင်းထံသို့   ပြောကြားလိုက်သည်။

အီတလီလက်ရွေးစင်ကွင်းလယ်လူ ဗာရက်တီမှာ နည်းပြအမ်မရီ၏လက်ထက်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရပြီး ယခုနှစ်ရာသီအကုန်၌ ဘာစီလိုနာသို့ပြောင်းရွှေ့ဖွယ်ရှိနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ထို့ကြောင့် ဗာရက်တီ၏အေးဂျင့်ဖြစ်သူ ဒိုနာတိုဒီကမ်ပလီက သူ၏ကစားသမားဘဝ အနာဂတ်ရှင်းရှင်းလင်းလင်းဖြစ်ရန် ဆွေးနွေးလိုလျက်ရှိနေသည်။

‘ပြောဆိုနေကြတာတွေက အများကြီးမှားနေပါတယ်။ လက်ရှိအခြေအနေကို ပီအက်စ်ဂျီအသင်းအနေနဲ့ ကြိုက်နှစ်သက်မယ် မထင်ပါဘူး။ အခြေအနေတွေကို အေးအေးဆေးဆေးဖြစ်စေလိုပါတယ်။

ပီအက်စ်ဂျီအသင်းက ဗာရက်တီထွက်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ အသင်းရဲ့ ထုတ်ပြန်ချက်ကိုလေးစားတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။ ဒါပေမယ့် ပြင်သစ်ရှုံးထွက်ဖလားပွဲစဉ်အပြီးမှ ဆွေးနွေးသွားမှာပါ’ ဟု က ဒိုနာတိုဒီကမ်ပလီက ဆိုခဲ့သည်။

ဗာရက်တီကမူ ယခုနှစ်ရာသီတွင် ပီအက်စ်ဂျီအသင်းအနေဖြင့် အမှတ်ပေးချန်ပီယံမဖြစ်ခဲ့လျှင်လည်း အမြဲတမ်းတိုးတက်နေသည့်အသင်းဖြစ်ကြောင်းနှင့် ၎င်းမှာလည်း နောက်နှစ်တွင် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly