ပြည်​မြို့တွင်​ ​နေအိမ်​ခြောက်​လုံး မီး​လောင်​

ပြည်​မြို့တွင်​ ​နေအိမ်​ခြောက်​လုံး မီး​လောင်​

ပြည်၊ မေလ ၂ ။            ။ ပြည် ​မြို့ ​ရွာဘဲနယ်​​မြေ ဖက်​တန်​းရပ်​ကွက်​ အုတ်​လမ်​းကြား စံနန်​းဦးဘုန်​းကြီး​ကျောင်​း ​နောက်​ဘက်​တွင်​ ​မေ ၂ ရက်​ နေ့လည်​ ၂ နာရီကျော်​က ​နေအိမ်​​ခြောက်​လုံး မီး​လောင်ကျွမ်းခဲ့သည် ။

ဖက်တန်​းရပ်​ကွက်​ အုတ်​လမ်​းကြား​နေ ဦးစိုးလွင်​၏​ နေအိမ်​မှ ​ရေခဲ​သေတ္တာမီးဖြတ်​စက်​ အပူလွန်​ကဲရာမှ မီးစတင်​​လောင်​ကျွမ်​းခဲ့ရာ ၂ ထပ်​အိမ်​ ၂ လုံး၊ ၁ ထပ်​အိမ်​ ၄ လုံး စုစု​ပေါင်​း ၆ လုံး​လောင်​ကျွမ်​း ခဲ့သည်​။

"တက်​တက်​​ပြောင်​တာ​ပေါ့ ။ ဒီဘက်​အစွန်​အိမ်​​တောင်​ ကံ​ကောင်​းလို့ " ဟု ရပ်​ကွက်​သားတစ်​ဦးက​ပြောသည်​။

အခင်​းဖြစ်​​နေရာသို့ မီးသတ်​ ​ယာဉ်​ ၂၂ စီး ဖြင်​့ မီးသတ်​တပ်​ဖွဲ့ကလာ​ရောက်​ငြိမ်​းသတ်​ခဲ့ရပြီး ရဲ ၊ ကြက်​​ခြေနီ ၊ ရပ်​ကွက်​ သူရပ်​ကွက်​သားများ နှင်​့ အတူမီးဝိုင်​းဝန်​း ငြိမ်​းသတ်​​နေသည်​။

မီးလောင်​ကျွမ်​းမှု​ကြောင်​့ ကျား၁၄ ဦး မ ၁၅ ဦး စုစု​ပေါင်​း ၂၉ ဦး မီး​ဘေးဒုက္ခသည်​ဖြစ်​ခဲ့ရပြီး စံနန်​းဦး ဘုန်​း​တော်​ကြီး​ကျောင်​းတွင်​ယာယီကယ်​ဆယ်​​ရေးစခန်​းဖွင်​့လှစ်​ထားသည်​။

အဆိုပါဖြစ် ​စဉ်​တွင်​ မီးစတင်​​လောင်​ကျွမ်​းခဲ့သည်​့ ​နေအိမ်​ပိုင်​ရှင်​ ဦးစိုးလွင်​ကို ပြည်​မြို့မရဲစခန်​းတွင်​ ပ-၁၀၃၁/၂၀၁၇ ပု​ဒ်​မ ၂၈၅ ဖြင်​့ အမှုဖွင်​့အ​ရေးယူ​ဆောင်​ရွက်​ထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly