နွေရာသီတွင် ပရိသတ်ရှေ့မှောက်ထံ ပြန်လည်ရောက်ရှိလာတော့မည့် SISTAR အဖွဲ့

နွေရာသီတွင် ပရိသတ်ရှေ့မှောက်ထံ ပြန်လည်ရောက်ရှိလာတော့မည့် SISTAR အဖွဲ့

တောင်ကိုရီးယားမှ ကေပေါ့ပ်ဂီတအဖွဲ့ SISTAR သည် လာမည့်နွေရာသီတွင် ဂီတလောကထဲသို့ ပြန်လည် ၀င်ရောက်ရင်း ပရိသတ်ရှေ့မှောက် ရောက်ရှိလာတော့မည် ဖြစ်သည်။

မေလ ၂ ရက်နေ့တွင် SISTAR အဖွဲ့၏ အေဂျင်စီ Starship Entertainment မှ “ SISTAR အဖွဲ့ဟာ သူတို့ရဲ့ သီချင်းအယ်လ်ဘမ် အသစ်အတွက် ပြင်ဆင်နေကြပြီး လာမည့်ဂျွန်လမှာ ပရိသတ်ရှေ့မှောက် ပြန်လည်ရောက် ရှိလာဖို့ ရည်မှန်းထားကြပါတယ်။ အယ်လ်ဘမ်ထွက်မယ့် ရက်အတိအကျ အသေးစိတ်ကိုတော့ ဆွေးနွေးနေကြ ဆဲပဲဖြစ်ပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သော ဂျွန်လတွင် “I Like That” သီချင်းကို ဖြန့်ချီပြီးကတည်းက SISTAR အဖွဲ့ဝင်များသည် သူတို့၏ တစ်ကိုယ်တော် လှုပ်ရှားမှုများတွင်သာ အာရုံစိုက်နေခဲ့ကြသောကြောင့် ပရိသတ်များက အဖွဲ့လိုက်ပြန်လာမည့် အချိန်ကို စောင့်မျှော်နေကြသည်။

SISTAR အဖွဲ့ကို နွေရာသီဘုရင်မများဟု လူသိများကြပြီး Shake It ၊ I Swear ၊ နှင့် Loving U တို့ကဲ့သို့ နွေရာသီပေါက်သီချင်းများကို နှစ်စဉ်ထွက်လေ့ရှိသောကြောင့် ယခုနှစ်နွေရာသီတွင်လည်း မည်သည့်သီချင်း များဖြင့် တင်ဆက်မည်ကို ပရိသတ်အများအပြားက မျှော်လင့် စောင့်ဆိုင်းနေ ကြသည်။

(ကမ္ဘာ့မြောက်ခြမ်းရှိ နိုင်ငံများတွင် ဂျွန်လမှ သြဂုတ်လအထိသည် နွေရာသီဖြစ်သည်။)

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags