ပြည်တွင် အမျိုးသမီးငယ်ကိုသတ်ကာ ပစ္စည်းလုယက်မှုအတွက် တရားလိုပြ သက်သေ ၂ဦးကို စစ်ဆေး

ပြည်တွင် အမျိုးသမီးငယ်ကိုသတ်ကာ ပစ္စည်းလုယက်မှုအတွက် တရားလိုပြ သက်သေ ၂ဦးကို စစ်ဆေး

ပဲခူးတိုင်​း ပြည်​ခရိုင်​ ပန်​း​တောင်​းမြို့နယ်မှ အမျိုးသမီးငယ်​တစ်​ဦးကို ပစ္စည်​းလုသတ်​ဖြတ်​ အ​လောင်​း​ေ​ဖျာက်​ဖျက်​မှုအတွက်​ ဧပြီ ၂၄ ရက်​တွင်​ တရားလိုပြသက်​​သေ နှစ်​ဦးကို ထပ်​မံစစ်​​ဆေးခဲ့သည်​။ 

​ထိုအမှုအတွက်​ စွပ်​စွဲခံရသူတပ်​မ​တော်​သားတစ်​ဦးကိုသာ ရုံးထုတ်​စစ်​​ဆေး​နေပြီး နောက်​ဆက်​တွဲ တရားခံများ ​ဖော်​ထုတ်​ရန်​လိုအပ်​​နေသည်​ဟု သေဆုံးသူ အမျိုးသမီး၏ မိသားစုက​ပြောသည်​။ 

"​နောက်​ဆက်​တွဲ တရားခံ​တွေရှိသေးတယ်​လို့​ပြော​တော့ တရားရုံးက မှတ်​တမ်​းမယူဘူး။ စိတ်​နဲ့ပဲမှတ်​ထားမယ်​လို့ပြောတယ်​"ဟု ​သေဆုံးသူ အဖိုးဦးတင်​​ရွှေက​ပြောသည်​။ 

​ဧပြီ ၂၄ ရက်​က ထိုအမှု၏ ၁၁ ကြိမ်​​မြောက်​ရုံးချိန်​းအဖြစ် ​ပြည်​ခရိုင်​တရားရုံးတွင်​ တရားလိုပြသက်​​သေ မ​ထွေးမွန်​​ကျော်​ နှင်​့ မမူမူချို ၂ ဦးကို စစ်​​ဆေးခဲ့​ပြီး တရားရုံးစစ်​ချက်​ကို အားရ​ကျေနပ်​မှုမရှိဟု ဦးတင်ရွှေကဆိုသည်​။ 

"တရားရုံးစစ်​ချက်​ကို ​ကျေနပ်မှုမရှိဘူး။ ဒီ​နေ့စစ်​တဲ့ နှစ်​​ယောက်​ကလည်း မ​ကျေနပ်​ဘူး။ ကျ​နော်​့ သားမက်​ကလည်းမ​ကျေနပ်​ဘူး"ဟု ဦးတင်​​ရွှေက ​ပြောသည်​။

အဆိုပါအမှုသည် ၂၀၁၆ စက်​တင်​ဘာ ၃၀ ရက်​က ပန်​း​တောင်​းမြို့နယ်​ ​ကျောက်​ဖူး​ကျေးရွာ​နေ အသက်​ ၂၁ နှစ်​အရွယ်​ မဝတ်​ရည်​ခင်​ဆိုသူ မိန်​းက​လေးတစ်​ဦးသည်​ ဥသျစ်​ပင်​ အမှတ်​၆၀၁ ဒုံးတပ်​ရင်​း၏ အ​နောက်​​မြောက်​ထောင်​့ ကြက်​ခြံအနီး လျိုငယ်​​ချောင်​းထဲတွင်​ ​သေဆုံးခဲ့သည်​။ မိန်​းက​လေးထံတွင်​ ပါသွား​သောဆိုင်​ကယ်​၊ ဖုန်​း၊ လက်​စွပ်​၊ နားကဒ်​၊ ဆွဲကြိုးတို့ကို ​အ​လောင်​းနှင်​့အတူ မ​တွေ့ရခဲ့​ပေ။

ရဲတပ်​ဖွဲ့ ၏ စစ်​​ဆေး​ပေါ်​ပေါက်​ချက်​အရ အမှတ်​ ၂၀၃၄ ​လေ​ကြောင်​းရန်​ကာကွယ်​​ရေးတပ်​မှ တပ်​သားထွန်​းထွန်​းနိုင်​ကို ပုဒ်​မ ၃၀၂/ ၃၇၆/ ၃၇၇/၃၉၂ လူသတ်​မှု၊ အဓမ္မမှု၊ ပစ္စည်​းလုယက်​မှုများဖြင်​့ အမှုဖွင်​့ ဖမ်​းဆီးကာ ပြည်​ခရိုင်​တရားရုံးတွင်​ ရာကြီးမှု အမှတ်​ ၄၂ /၂၀၁၆ ဖြင်​့ စစ်​​ဆေး​နေသည်​။

သို့​သော်​ သူမ၏ ခင်​ပွန်​း နှင်​့ ​နောက်​ဆုံး​ဖုန်​းအဆက်​အသွယ်​်တွင်​ ​မိန်​းက​လေးဘက်​ခြမ်​းမှ အခြားလူနှစ်​ဦးသုံးဦး၏ စကားသံများ ထွက်​ပေါ်​နေခြင်​း၊ အ​လောင်​း​တွေ့​နေရာတွင်​ ​သွေးစွန်းကွက်​များ မကျန်​ခဲ့ဘဲ အ​လောင်​းအား​ရွှေ့​ပြောင်​းသယ်​​ဆောင်​သည်​ဟု ယူဆရ​သော ဆာလာအိပ်​ခွံများနှင်​့ ဝါးဆစ်​ပိုင်​းတို့ကို​တွေ့ရခြင်​း၊ သတ်​ရာပါ ​ရွှေထည်​များကို ​ပေါင်​နှံသူ မှာ နှစ်​ဦးဖြစ်​​နေခြင်​း၊ သေဆုံးသူမိန်​းက​လေး၏ ဆိုင်​ကယ်​ကို ပြစ်​မှုကျူးလွန်​သူ၏ တပ်​ရင်​းတွင်​မ​တွေ့ရဘဲ အမှတ်​ ၆၀၁ ဒုံးတပ်​ရင်​းမှသိမ်​းဆည်​းရမိခြင်​း၊ ရဲအရာရှိများ၏ မူလပြောစကားများတွင် သတ်​သူသုံးဦးဟု ခန်​့မှန်​း​ပေးထားခြင်​းစသည်​့ အချက်​များ​ကြောင်​့ ​ဆက်​စပ်​တရားခံများကို ​ဖော်​ထုတ်​ရန်​ ​သေသူ၏ မိသားစုက ​တောင်​းဆိုထားသည်​။

​ဆက်​ဆက်​တရားခံများ​ဖော်​ထုတ်​​ပေးရန်​ နိုင်​ငံ​တော်​သမ္မတ၊ နိုင်​ငံ​တော်​၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်​​ရေးဦးစီးချုပ်​ရုံးများသို့ တင်​ပြထားရာ ဇန်​နဝါရီ လ ၁၄ ရက်​​တွင်​ ပြည်​ခရိုင်​ရဲတပ်​ဖွဲ့ ယာယီရဲမှူး သန်​းထွန်​း​အောင်​ နှင်​့ အဖွဲ့က စစ်​​ဆေးခဲ့သေးသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly