YBS ကိစ္စဆွေးနွေးမယ့် လွှတ်တော်အစည်းအဝေးကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတက်

YBS ကိစ္စဆွေးနွေးမယ့် လွှတ်တော်အစည်းအဝေးကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မတက်
ဓာတ်ပုံ-သူရ

အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် (YBS)နှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ယနေ့(ဧပြီ ၂၄ရက်) တွင် ဆွေးနွေးမည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတက်ရောက်နိုင်ခြင်းမရှိကြောင်း ခွင့်တိုင်ကြားခဲ့သည်။

တာဝန်ထမ်းဆောင်ရန်ကိစ္စများရှိသဖြင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ခွင့်တိုင်ကြားခြင်းဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးကော်မတီက တင်ပြသည်။ 

ယနေ့အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်အား ယခုထက်ပိုမိုကောင်းမွန်လာစေရေးနှင့် ထိရောက်သော စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ချက်များအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာမှုရှိစွာ ချပြနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦးက ဆွေးနွေးကြမည်ဖြစ်သည်။

ယင်းအဆိုအား အင်းစိန်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်တင်သွင်းခဲ့သည့်အဆိုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly