ကမ္ဘာ့နံပါတ် ၁ နေရာကို ဂျာမန်တင်းနစ်မယ် ခါဘာ ဆက်လက် ထိန်းသိမ်းထား

ကမ္ဘာ့နံပါတ် ၁ နေရာကို ဂျာမန်တင်းနစ်မယ် ခါဘာ ဆက်လက် ထိန်းသိမ်းထား
ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာ။ (ဓာတ်ပုံ - အီးပီအေ)

အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)ရဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ချက်အရ ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာဟာ ရမှတ် ရ,၃၃၅ ဖြင့် ထိပ်ဆုံးမှာ ဦးဆောင်နေဆဲဖြစ်ပါတယ်။

အဆင့် ၂ နှင့် ၃ နေရာမှာတော့ အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံနှင့် ချက်တင်းနစ်မယ် ပလစ်ဆကိုဗာတို့ အသီးသီး ရပ်တည်နေပါတယ်။

စပိန်တင်းနစ်မယ် မူဂူရူဇာဟာ အဆင့် ၆ နေရာမှာ ရပ်တည်ဆဲဖြစ်ပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ရ,၃၃၅
၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ရ၀,၁၀
၃) ပလစ်ဆကိုဗာ (ချက်) ၆၀,၂၀
၄) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၅,၀၆၅
၅) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅၀,၂၂
၆) မူဂူရူဇာ (စပိန်) ၄,၇၉၀
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄,၃၃၀
၈) ရစ်ဝမ်စ်ကာ (ပိုလန်) ၄၂,၉၀
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ၄,၀၂၅
၁၀) မာဒီဆန်ကီးစ် (အမေရိကန်) ၃,၈၅၇

© EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly