ပုခုံးဒဏ်ရာကြောင့် ရီးယဲလ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲကို လီဝမ်ဒေါစကီး လွဲမည်

ပုခုံးဒဏ်ရာကြောင့် ရီးယဲလ်နှင့် ကစားရမည့် ချန်ပီယံလိဂ်ပွဲကို လီဝမ်ဒေါစကီး လွဲမည်

ဧပြီ ၁၁၊ မြူးနစ် ။   ။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးမှာ ပုခုံးဒဏ်ရာသက်သာခြင်းမရှိသည့်အတွက် ရီးယဲလ်မက်ဒရစ်အသင်းနှင့်ကစားရမည့် ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကို လွဲချော်တော့မည်ဖြစ်သည်။

လီဝန်ဒေါစကီးမှာ စနေနေ့က ကစားခဲ့သော ဒေါ့မွန်အသင်းနှင့် ကစားခဲ့သော ဘွန်ဒက်စ်လီဂါပွဲတွင် ပုခုံးဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တစ်ဦးချင်းလေ့ကျင့်မှုများကိုသာပြုလုပ်နိုင်သေးသည်။ 

"ဥရောပရဲ့ထိပ်တန်းအသင်းနှစ်သင်းပွဲစဉ်ဖြစ်တာကြောင့် ကစားသမားတွေအားလုံးပွဲချိန်ပြည့်အာရုံစိုက်ကစားနိုင်ဖို့လိုပါတယ်။ လီဝန်ဒေါစကီးအခြေအနေက စောင့်ကြည့်နဆဲဖြစ်ပြီး မက်ဒရစ်မှာကစားရမယ့် ဒုတိယအကျော့ပွဲအတွက် ပြန်ကစားနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လေ့ကျင့်မှုအခြေအနေတွေကတော့ ပုံမှန်အတိုင်းပါပဲ။" ဟု ဘိုင်ယန်မြူးနစ်အသင်း နည်းပြချုပ် အန်ဆလော့တီက ပြောသည်။

ရီးယဲလ်နှင့်ကစားရမည့်ပွဲကို ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမနီလက်ရွေးစင်နောက်ခံလူ ဟမ်းမဲလ်လည်း ဒူးအရွတ်ဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။ ရီးယဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့မှာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ၁၄ကြိမ်တွေ့ဆုံဖူးပြီး ဘိုင်ယန်က ခုနှစ်ကြိမ်နိုင်၊ ရီးယဲလ်က ခြောက်ကြိမ်နိုင်ထားပြီး တစ်ပွဲသရေကျထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly