ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်သူများတွင် တရုတ်သစ်ခိုးထုတ် သူများပါဝင်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်သူများတွင် တရုတ်သစ်ခိုးထုတ် သူများပါဝင်

ဇူလိုင် ၃၀ ။     ။ သမ္မတဦးသိန်းစိန်၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်လာသည့် အကျဉ်းသား ၆၉၆၆ တွင် တရုတ်နိုင်ငံသား သစ်ခိုးထုတ်သူ ၁၅၅ ဦးလည်း ပါဝင်ကြောင်း ဇူလိုင် ၃၀ ဆင်ဝှာသတင်း တွင်ဖော်ပြသည်။

ပြန်လွှတ်ပေးလိုက်သည့် နိုင်ငံခြားသား ၂၁၀ ဦးအနက် တရုတ်သစ်ခိုးထုတ်သူများ ပါဝင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံခြားသား အကျဉ်းသားများအား ဇူလိုင် ၃၀ မှစတင်၍ နိုင်ငံတွင်းမှ ထွက်ခွာခွင့်ပေးမည်ဖြစ်သည်ဟု ဆင်ဟွာသတင်းကရေးသည်။

ပြန်ကြားရေးဝန်ကြီးဌာနကမူ "နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နိုင်ငံအချင်းချင်း မိတ်ဝတ် မပျက် ဆက်ဆံရေးတို့ကို ရှေးရှုသော အားဖြင့် နိုင်ငံခြားသား အကျဉ်းသား ၂၁၀ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် များပေး၍ ပြည်နှင်ဒဏ်ပေးခြင်း" တို့ ဆောင်ရွက်မည်ဟု ထုတ်ပြန်သည်။

တရုတ်နိုင်ငံသားများကို သစ်ခိုးထုတ်မှုအတွက် ၁၉၆၃ ခုနှစ် အများနှင့် သက်ဆိုင်သည့် ပစ္စည်းများ ကာကွယ်စောင့်ရှောက် ရေး ဥပဒေ ပုဒ်မ (အပက ၃) ဖြင့် ဇူလိုင် ၂၂ ရက်၌ ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လက တရားမဝင်နိုင်ငံဖြတ်ကျော်အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခဲ့သည့် မြန်မာနိုင်ငံသား ၂၀၅ ဦးကို တရုတ်နိုင်ငံဖက်က နိုင်ငံလွှဲပြောင်းပေးအပ်ခဲ့သည်။

Ref; Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly