ဆီးရီးယားရှိ ဂူတာအရှေ့ခြမ်းသို့ အကူအညီပေးရန်အတွက် ရ၂ နာရီအပစ်အခတ် ရပ်ဆဲရန် ကုလ တောင်းဆို

ဆီးရီးယားရှိ ဂူတာအရှေ့ခြမ်းသို့ အကူအညီပေးရန်အတွက် ရ၂ နာရီအပစ်အခတ် ရပ်ဆဲရန် ကုလ တောင်းဆို

 ဧပြီ ရ ။                 ။ အရေးပေါ်အကူအညီများ ထောက်ပံ့ပေးပို့နိုင်ရန်အတွက် ဆီးရီးယားနိုင်ငံ ဒါမာစကတ်မြို့အနီးရှိ ဂူတာဒေသ အရှေ့ခြမ်း၌ ရ၂ နာရီအပစ်အခတ် ရပ်ဆဲပေးရန် ကမ္ဘာ့ကုလသမဂ္ဂက ပြီးခဲ့သော ကြာသာပတေးနေ့တွင် တောင်းဆိုခဲ့သည်။

“ကျနော်တို့ ဂူတာအရှေ့ခြမ်းမှာ ရ၂ နာရီ အပစ်အခတ်ရပ်ဆဲဖို့ လိုအပ်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကို လာမည့်ရက်များအတွင်း လိုချင်ပါတယ်” ဟု ဆီးရီးယားနိုင်ငံအတွက် ကုလသမဂ္ဂမှ ထောက်ပံ့ပေးထားသော လူသားချင်းဆိုင်ရာ အထူးတာဝန်တပ်ဖွဲ့မှ အကြီးအကဲဖြစ်သူ ဂျန်အက်ဂီလန်က ပြောခဲ့သည်။

ဒါမာစကတ်မြို့အနီးရှိ အဆိုပါဒေသတွင် လူပေါင်း ၄ သိန်းခန့်သည် ပိတ်မိနေပြီး ဆေးရုံများ ဗုံးကြဲတိုက်ခိုက်ခံ ရခြင်းကြောင့် ဆေးကုသမှုဆိုင်ရာ ထောက်ပံ့မှုများ ပြတ်တောက်နေသည့်အပြင် အစာရေစာရိက္ခာများ ကုန်ဆုံး သွားသောကြောင့် ဒုက္ခပေါင်းစုံ ခံစားနေရကြောင်း သူက သတိပေးခဲ့သည်။

ဆီးရီးယားနိုင်ငံအတွက် လူသားချင်းဆိုင်ရာ အထူးတာဝန်တပ်ဖွဲ့၏ အပတ်စဉ်အစည်းအဝေးပွဲ၌ ရုရှားနိုင်ငံနှင့် အမေရိကန်တို့သည် အခြားအဖွဲ့များနည်းတူ ဂူတာမြို့အရှေ့ခြမ်းရှိ အခြေအနေများကို အသေးစိတ်ကြည့်ရှု စစ်ဆေးရန် သဘောတူညီခဲ့ကြောင်း အက်ဂီလန်က ပြောခဲ့သည်။

“ရုရှားတို့အပါအဝင် အားလုံးကသဘောတူထားပါတယ်။ အခြေအနေတွေဟာ သေရေးရှင်ရေးတမျှ ဖြစ်နေ ပါတယ်။ ဒါကြောင့် ကျနေ်ာတို့ ဂူတာအရှေ့ခြမ်းမှာ အပစ်အခတ်ရပ်ဆဲရေးလို အထူးသဘောတူညီချက် လိုအပ် နေပါတယ်” ဟု သူက ဆက်ပြောခဲ့သည်။

“ပြီးခဲ့သော ကြောက်မယ်ဖွယ်ရာ အဖြစ်အပျက်တွေကနေ ကျနော်တို့သင်ခန်းစာယူနိုင်ပြီး အဆိုပါပြည်သူတွေ ကို ကူညီဖို့လိုအပ်ပါတယ်။ ဂူတာအရှေ့ခြမ်းမှာ ပိတ်မိနေတဲ့ လူပေါင်း ၄ သိန်းခန့်ကို ကူညီဖို့ အစီအမံများ ချမှတ်နိုင်မယ်လို့ ကျနော်မျှော်လင့်ပါတယ်” ဟု အက်ဂီလန်က ပြောခဲ့သည်။

ပြီးခဲ့သော ကြာသာပတေးနေ့က ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲတွင် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ သူပုန်များထိန်းချုပ်ရာမြို့၌ သံသယရှိရသော ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၀ ခန့် အပါအဝင် အနည်းဆုံး လူပေါင်း ၈၆ ဦးခန့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags