လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့သော ကိုလံဘီယာ မြေပြိုမှု ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဟု အစိုးရ ထုတ်ပြန်

လူပေါင်း ၃၀၀ နီးပါးသေဆုံးခဲ့သော ကိုလံဘီယာ မြေပြိုမှု ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဟု အစိုးရ ထုတ်ပြန်

ဧပြီ ၆ ။                ။ နိုင်ငံကို တုန်လှုပ်စေခဲ့သည့် မြေပြိုရွှံ့ပြိုမှု ဖြစ်ရပ်ဆိုးကြီးအတွင်း အနည်းဆုံး လူပေါင်း ၂၉၃ ဦး ထိ သေဆုံးထားခဲ့ရပြီ ဖြစ်ကြောင်းနှင့် ဆက်လက်၍ ပျောက်ဆုံးနေသူ ရာနှင့်ချီ ရှိနေဆဲဖြစ်ကြောင်း ကိုလံဘီယာ သမ္မတ ဟွမ် မန်နျူရယ် ဆန်းတို့စ် က ပြောကြားသွားသည်။

" ဒီမနက်ထိ ရထားတဲ့အချက်အလက်တွေအရ ဆွေမျိုးတွေ ပျောက်ဆုံးနေတယ်လို့ သတင်းပို့ထားသူ လူပေါင်း ၄၆၇ ယောက်ထိ ရှိထားပါတယ်၊ လောလောဆယ်ထိတော့ သူတို့ပြောတဲ့အထဲက ၁၅၃ ယောက် ကိုတော့ ကျွန်တော်တို့ ရှာတွေ့ပြီး ဖော်ထုတ်ထားနိုင်ပါပြီ၊ အဲဒီ၁၅၃ ယောက်ထဲကနေ ၁၁၉ ဦးကတော့ အသက်ရှင်လျက်ရှိပါတယ်၊ ဒါပေမယ့် အခြား ၃၄ ယောက်ကတော့   သေဆုံးထားသူတွေ ဖြစ်နေပါပြီ" ဟု သမ္မတ ဆန်းတို့စ် က ထုတ်ပြန်ချက်တစ်စောင်တွင် ထည့်သွင်း ပြောကြားထားသည်။

ကိုလံဘီယာသမ္မတအနေဖြင့် ယခု ထုတ်ပြန်မှုတွင် တိကျသေချာသည့် ကိန်းဂဏာန်းအချက်အလက်များကို ထပ်မံပြောဆိုသွားခြင်း မရှိသော်လည်း ခန့်မှန်းချက်များအရမူ ယခုထက်ထိ   ကျောက်တုံးကျောက်ခဲ၊ ရွံ့မြေများအောက်တွင် ရောက်နေသူ ၂၀၀ ကျော်ထိ ရှိနေနိုင်ကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုကြောင့် နိုင်ငံတောင်ပိုင်း ပြည်နယ် ပူတူမေယို မြို့တော် မိုကိုအာ၏ အစိတ်အပိုင်းတော်တော်များများ ဖုံးလွှမ်းခံလိုက်ရကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly