လုံခြံုရေးအဆင့်မြှင့်ထားသည့် ယူရို ၅၀ တန် ငွေစက္ကူသစ်ကို ထပ်ထုတ်

လုံခြံုရေးအဆင့်မြှင့်ထားသည့် ယူရို ၅၀ တန် ငွေစက္ကူသစ်ကို ထပ်ထုတ်

ဧပြီ ၅ ။          ။ ငွေစက္ကူ အတုအပ ပြုလုပ်နိုင်မှုကနေ ကာကွယ်နိုင်အောင်လို့ လုံခြံုရေး အဆင့်မြှင့်ထားတဲ့ ယူရိုငွေ ၅၀ တန် ငွေစက္ကူကို ထပ်ထုတ်လုပ်ထားကြောင်း ဥရောပဗဟိုဘဏ် ECB က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယင်းငွေစက္ကူသစ်မှာတော့ လုံခြံုရေးပိုင်း တော်တော်များများ အဆင့်မြှင့်ထားသလို ငွေစက္ကူအတုလုပ်သူတွေရဲ့ ရန်ကနေလည်း ကာကွယ်နိုင်မယ့်အစီအမံတွေ ထည့်သွင်းထားတယ်လို့ ဆိုပါတယ်။

ဥရောပဇုန်မှာ အသုံးအများဆုံး ငွေစက္ကူမှာဆိုရင် နေရောင်အောက်မှာ ထောင်ကြည့်လိုက်တာနဲ့ ဖောက်ထွင်းမြင်နိုင်မယ့် ပုံတူအကွက်တစ်ခုလည်း ပါ၀င်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

" ခုလို ဒစ်ဂျစ်တယ်ခေတ် ရောက်နေတာတောင်မှ ဒီလို ငွေစက္ကူတွေဟာ ကျွန်တော်တို့ရဲ့ စီးပွားရေးမှာ ဆက်လက်အရေးပါနေဆဲ ဖြစ်နေပါတယ်" လို့ ဥရောပဗဟိုဘဏ် ဥက္ကဌ မာရီယို ဒရာဂီ က ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly