အော်စကာဆုရှင် မင်းသမီးရှာလစ်ဇ်သရွန်က အသစ်ထွက်ရှိလာမည့် မင်းသားဗင်ဒိုင်ဆယ်၏ Fast and Furious ဇာတ်ကား၌ အဓိကဗီလိန်ဇာတ်ကောင်နေရာမှ သရုပ်ဆောင်ရခြင်းမှာ စိတ်လှုပ်စရာကောင်းသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။
“ဒီရုပ်ရှင်ဇာတ်ကားတွေဟာ ထွက်ရှိလာခဲ့တာ ၁၆ နှစ်တိုင်အောင်ရှိနေခဲ့ပြီး စည်းလုံးသော မိသားစုတစ်စုဆိုတဲ့ စိတ်ကူစိတ်သန်းနဲ့ တည်ဆောက်ထားတာပါ။ အဲဒီမိသားစုကို ပြိုကွဲသွားအောင် လုပ်ဆောင်ရတဲ့ ဇာတ်ကောင် နေရာမှ သရုပ်ဆောင်ရတာ စိန်ခေါ်မှုအသစ်တွေ ဖြစ်လာစေပါတယ်” ဟု ဘာလင်၌ The Fate of the Furious ဇာတ်ကား အထူးပွဲပြသချိန်တွင် ပြောခဲ့သည်။
Fast and Furious ဇာတ်ကားများ၏ ၈ ခုမြောက်ဖြစ်သော The Fate of the Furious ဇာတ်ကားကို ဥရောပ စျေးကွက်၌ ထုတ်လွှင့်ပြသဖို့ လုပ်ဆောင်နေပြီး အရင်ထွက်ရှိပြီးသား ရ ကားအတိုင်း ကားပြိုင်မောင်းခြင်းများ၊ စတန့်ပြကွက်များ နှင့် ပေါက်ကွဲမှုကြီးများ ပါ၀င်မည်ဖြစ်သည်။
ယခု ၈ ကားမြောက် ဇာတ်လမ်း၌ ဗင်ဒိုင်ဆယ်သရုပ်ဆောင်ထားသည့် အဓိကဇာတ်ဆောင်ဖြစ်သော ဒိုမနစ်တိုရက်တိုသည် လူဆိုးအဖြစ် ပြောင်းလဲကာ မိသားစုအပေါ် ကျောခိုင်းသွားပြီး ရှာလစ်ဇ်သရွန် သရုပ် ဆောင်ထားသော ဗီလိန်ဇာတ်ကောင် ဆိုက်ဖာ နှင့်အတူ ပူးပေါင်းသွားသည်ကို ကြည့်ရှုရမည်ဖြစ်သည်။
ဒါရိုက်တာ အက်ဖ်ဂါရီဂရေး ရိုက်ကူးထားသော The Fate of the Furious တွင် အခြား ကြယ်ပွင့်သရုပ်ဆောင် များဖြစ်သော ဂျေဆန်စတက်သမ်၊ ဒွိန်းဂျွန်ဆင်၊ မစ်ရှဲရိုဒရီဂွက်ဇ် နှင့် တိုင်ရိစ်ဂစ်ဘ်ဆင် တို့လည်း ပါ၀င်သရုပ် ဆောင်ထားကြသည်။