မြောက်ကိုရီးယားက ဂျပန်ပင်လယ်တွင်း ဒုံးကျည်ပစ်လွှတ်ပြန်

မြောက်ကိုရီးယားက ဂျပန်ပင်လယ်တွင်း ဒုံးကျည်ပစ်လွှတ်ပြန်

ပြံုယမ်း၊ ဧပြီ ၅  ။                ။  မြောက်ကိုရီးယားနိုင်ငံက ဧပြီ ၄ ရက်တွင် ဂျပန်ပင်လယ်အတွင်း ဒုံးကျည်တစ်စင်း ထပ်မံပစ်လွှတ်လိုက်သည်။

တရုတ်နှင့် အမေရိကန် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံခြင်း မတိုင်မီ မြောက်ကိုရီးယားက ယခုကဲ့သို့ ဒုံးကျည်ပစ်လွှတ်လိုက်ခြင်းဖြစ်သကဲ့သို့ ၎င်း၏နျူကလီးယားအစီအစဉ်ကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံတကာအသိုင်းအဝန်းက ဒဏ်ခတ်ပိတ်ဆို့မှုများကို လက်တုံ့ပြန်မည်ဟု မြောက်ကိုရီးယားက သတိပေးပြီးနောက် ယခုပစ်လွှတ်လိုက်သည့် ဒုံးကျည်က ကီလိုမီတာ ၆၀ အထိ ပျံသန်းရောက်ရှိကြောင်း   တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ယခုပစ်လွှတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပစ်လွှတ်သည့် ဒုံးကျည်မှာ KN-15 တာလတ်ပစ်ဒုံးကျည်ဖြစ်ပြီး အမေရိကန်အထိ မခြိမ်းခြောက်နိုင်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

“လုံခြံုရေးကို ထိန်းသိမ်းဖို့ တောင်ကိုရီးယားနဲ့ ဂျပန် မဟာမိတ်နိုင်ငံတွေနဲ့ အမေရိကန်စစ်တပ်အနေဖြင့် အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်။”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly