ကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ဝင်လာတဲ့ ဗြိတိန်တင်းနစ်မယ် ဂျိုဟာနာ

ကမ္ဘာ့အဆင့် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ဝင်လာတဲ့ ဗြိတိန်တင်းနစ်မယ် ဂျိုဟာနာ
မိုင်မီယာအိုပင်းမှာ အနိုင်ရဗိုလ်စွဲပြီးနောက် ဆုဖလားနဲ့အတူ တွေ့ရတဲ့ ဂျိုဟာနာ။ (ဓာတ်ပုံ - အီးပီအေ)
 

ဗြိတိန်တင်းနစ်မယ် ဂျိုဟာနာဟာ မိုင်ယာမီအိုပင်းမှာ အနိုင်ရဗိုလ်စွဲခဲ့ပြီးနောက် အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့်သတ်မှတ်ချက်များအရ ထိပ်ဆုံး ၁၀ ဦးစာရင်းထဲသို့ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဂျိုဟာနာကွန်တာဟာ တနင်္ဂနွေနေ့က ကယ်ရိုလိုင်း ဝိုဇ်နီယာကီကို အနိုင်ယူခဲ့ပြီးနောက် အဆင့် ရ နေရာသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဂျာမန်တင်းနစ်မယ် အန်ဂျလီကေး ခါဘာကတော့ WTA အဆင့်သတ်မှတ်ချက်မှာ ရမှတ် ရ,၃၄၀ နဲ့ ကမ္ဘာ့အဆင့် ၁ နေရာမှာ ဆက်လက်ဦးဆောင်နေတုန်းပါ။

အမေရိကန်တင်းနစ်မယ်က ရမှတ် ရ,၀၁၀၊ ပလစ်ဆကိုဗာ (ချက်)က ရမှတ် ၆,၀၂၀ နဲ့  ဒုတိယနေရာနဲ့ တတိယနေရာတို့မှာ အသီးသီးရပ်တည်နေပါတယ်။

လက်ရှိ WTP (အမျိုးသမီး) အဆင့်များနှင့် ရမှတ်များ

၁) အန်ဂျလီကေး ခါဘာ (ဂျာမနီ) ရမှတ် ရ၃၄၀
၂) ဆရီနာဝီလျံ (အမေရိကန်) ရမှတ် ရ၀၁၀
၃) ပလစ်ဆကိုဗာ (ချက်) ၆၀၂၀
၄) ဒိုမီနီကာ ဆက်ဘလူးကိုဗာ (ဆလိုဗက်ကီးယား) ၅၂၄၅
၅) ဆီမွန်နာ ဟာလက်ပ် (ရိုမေးနီးယား) ၅၀၂၂
၆) မူဂူရူဇာ (စပိန်) ၄၇၉၀
၇) ဂျိုဟာနာကွန်တာ (ဗြိတိန်) ၄၃၃၀
၈) ရစ်ဝမ်စ်ကာ (ပိုလန်) ၄၂၉၀
၉)  ကက်ခ်နက်ဇီဗာ (ရုရှား) ၄၀၂၅
၁၀) ဗီးနပ်စ်ဝီလျံ (အမေရိကန်) ၃၈၆၅

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly