ချယ်လ်ဆီးအသင်းရှုံးပွဲကြံုခဲ့၍ ဆုဖလားပြိုင်ပွဲစိတ်ဝင်စားစရာပိုကောင်းလာပြီဟု ကွန်တီပြော

ချယ်လ်ဆီးအသင်းရှုံးပွဲကြံုခဲ့၍ ဆုဖလားပြိုင်ပွဲစိတ်ဝင်စားစရာပိုကောင်းလာပြီဟု ကွန်တီပြော

ဧပြီ ၂၊ လန်ဒန်။               ။ စတမ်းဖို့ဒ်ဘရစ်ချ်တွင် ချယ်လ်ဆီးအသင်း ခရစ္စတယ်ပဲလေ့စ်ကို အံ့အားသင့်ဖွယ်ရှုံးနိမ့်လိုက်ခြင်းက ဆုဖလားပြိုင်ပွဲကို ပိုမို စိတ်ဝင်စားစရာကောင်းလာစေသည်ဟု ချယ်လ်ဆီးနည်းပြကွန်တီက ပြောသည်။

ပရီးမီးယားလိဂ်ဦးဆောင်သူချယ်လ်ဆီးအသင်းမှာ လက်ရှိရာသီအိမ်ကွင်းနှစ်ပွဲတည်းသာရှုံးနိမ့်မှုအဖြစ် တန်းမဆင်းရရန် ရုန်းကန်နေသည် ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးဖြင့် ရှုံးခဲ့သည်။

ဘန်လေအသင်းကိုအနိုင်ရလိုက်သည့် စပါးအသင်းမှာ ချယ်လ်ဆီးနှင့် ခုနစ်မှတ်အကွာသို့ရောက်လာခဲ့သည်။ “မီဒီယာတွေ အတွက်တော့ ရလဒ်ကောင်းတစ်ခုပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ပိုပြီးစိတ်ဝင်စားစရာကောင်းစေမှာကိုး။

ဒါပေမဲ့ ကျွန်တော်အမြဲပြောပါတယ်။ ဗိုလ်စွဲဖို့ သချင်္ာနည်းအရသေချာသွားပြီဆိုမှသာ လိဂ်ပြိုင်ပွဲက ပြီးဆုံးမှာပါ။ အသင်း အနေနဲ့ တိုက်ပွဲဝင်ရမယ်။ ပွဲတိုင်းကိုအနိုင်ရဖို့ ကြိုးစားရမယ်”ဟု ကွန်တီက ပြောသည်။

စပါးနည်းပြပိုချက်တီနိုကလည်း ကစားသမားများနှင့် ၎င်းအနေဖြင့် ချယ်လ်ဆီးအသင်းကိုအမီလိုက်နိုင်စွမ်းရှိနေသေးသည်ဟု ယုံကြည်နေကြောင်း ဘန်လေကို ၂-၀ ဂိုးဖြင့်အနိုင်ရအပြီးတွင် ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly