အာဆင်နယ်ပရိသတ်များ၏ မဲဆန္ဒကောက်ယူမှုတွင် ရ၈ ရာခိုင်နှုန်းက အာစင်ဝင်းဂါးနှင့် စာချုပ်သစ် မချုပ်စေချင်ကြ

အာဆင်နယ်ပရိသတ်များ၏ မဲဆန္ဒကောက်ယူမှုတွင် ရ၈ ရာခိုင်နှုန်းက အာစင်ဝင်းဂါးနှင့် စာချုပ်သစ် မချုပ်စေချင်ကြ

ဧပြီ ၁၊ လန်ဒန်။                 ။ အာဆင်နယ်ပရိသတ်အဖွဲ့ကြီးတစ်ခုကပြုလုပ်သည့် မဲဆန္ဒကောက်ယူမှုတွင် ရ၈ ရာခိုင်နှုန်းက အာစင်ဝင်းဂါးကို အယုံအကြည် မရှိကြတော့ဘဲ စာချုပ်သစ်လည်း မချုပ်စေချင်ကြကြောင်း ပေါ်ထွက်လာခဲ့သည်။

သို့ဖြစ်ရာ လာမည့်နွေရာသီတွင် အာစင်ဝင်းဂါးကို အာဆင်နယ်မှထွက်စေချင်သည့် ဖိအားပေးမှုများမှာ ပိုမိုကြီးမားလာသည့် အနေအထားဖြစ်သည်။

အာဆင်နယ်ပရိသတ်အဖွဲ့ကြီးတစ်ဖွဲ့ဖြစ်သည့် Arsenal Supporters' Trust က အာစင်ဝင်းဂါးကိုစာချုပ်သစ်ချုပ်စေချင်သလားဟု အဖွဲ့ဝင်များကို မဲကောက်ခဲ့ရာ ရ၈ ရာခိုင်နှုန်းက ဆန္ဒမရှိဟု မဲပေးခဲ့ကြသည်။

ပရိသတ်များ၏ထောက်ခံမှုကျဆင်းနေသော်လည်း အာစင်ဝင်းဂါးသည် အသင်းနှင့် နှစ်နှစ်စာချုပ်သစ်ချုပ်မည်ဟု မျှော်လင့်ရသည်။

“အာဆင်နယ်ဘုတ်အဖွဲ့ဝင်တွေဆီကို စာနဲ့အပြင် လူကိုယ်တိုင်တွေ့ဆုံပြီးတော့လည်း ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ရလဒ်ကို ပြသွားမယ်။ သူတို့အနေနဲ့ စာချုပ်သစ်ကမ်းလှမ်းဖို့ကိစ္စကို နောက်ဆုတ်သင့်ပြီ။

နည်းပြအပြောင်းအလဲကာလကို ဘုတ်အဖွဲ့က အောင်အောင်မြင်မြင်ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်” အာဆင်နယ် ပရိသတ်အဖွဲ့အစည်းမှ တစ်ဦးက ပြောသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly