ပေါင်ခြံဒဏ်ရာ ခွဲစိတ်ထားသဖြင့် ရက်သတ္တပတ်အတန်ကြာ မာတာအနားယူရမည်

ပေါင်ခြံဒဏ်ရာ ခွဲစိတ်ထားသဖြင့် ရက်သတ္တပတ်အတန်ကြာ မာတာအနားယူရမည်

ဧပြီ ၁၊ မန်ချက်စတာ။      ။ မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမား မာတာသည် ကြာသပတေးနေ့က ပေါင်ခြံဒဏ်ရာခွဲစိတ်ထားသဖြင့် ရက်သတ္တပတ်အတန်ကြာ အနားယူရဖွယ်ရှိသည်။

စပိန်ကစားသမားအနေဖြင့် ယခုတစ်ပတ်အတွင်းကစားမည့် မန်ယူအသင်း၏ပရီးမီးယားလိဂ်ပွဲသုံးပွဲကို အတိအကျလွဲချော်မည် ဖြစ်ပြီး အန်ဒါလက်ချ်နှင့်ကစားမည့် ယူရိုပါလိဂ်ပထမအကျော့ကိုလည်း လွဲဖွယ်ရှိနေသည်။

မာတာအနေဖြင့် ရာသီမကုန်မီပြန်ကစားနိုင်မည်ဟုမျှော်လင့်ထားသော်လည်း လာမည့်တစ်ပတ်အစောပိုင်းတွင် အခြားစစ်ဆေး မှုများ ထပ်လုပ်ရဦးမည်ဖြစ်သည်။

ခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ကနဦးတုန့်ပြန်မှုများကောင်းမွန်သော်လည်း မာတာအနေဖြင့် တစ်ပတ်လုံး ကာရင်တန်လေ့ကျင့်ရေးကွင်း တွင် ရှိမနေခဲ့ပေ။

ယူနိုက်တက်၏ကွင်းလယ်ပိုင်းအခက်အခဲကြံုနေရပြီး ဝက်စ်ဘရွန်းနှင့်ပွဲအတွက် ဟာရဲရားနှင့် အီဘရာဟီမိုဗစ်ပွဲပယ်ခံထားရကာ ပေါ့ဂ်ဘာလည်း ဒဏ်ရာရနေသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly