အိုင်အက်စ်ချေမှုန်းရေးအတွက် အသုံးစရိတ်ပိုမိုထည့်ဝင် နေတိုးမဟာမိတ်များကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

အိုင်အက်စ်ချေမှုန်းရေးအတွက် အသုံးစရိတ်ပိုမိုထည့်ဝင် နေတိုးမဟာမိတ်များကို ကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ဘရပ်ဆဲလ်၊ ဧပြီ ၁ ။            ။ ဘရပ်ဆဲလ်တွင် ကျင်းပသော နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပထမဆုံးတက်ရောက်လာသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က   နေတိုးမဟာမိတ်များအနေဖြင့် အသုံးစရိတ် ပိုမိုထည့်ဝင်ကာ အရှေ့အလယ်ပိုင်းအရေးတွင်  ပိုမိုပါ၀င်ရန် တိုက်တွန်းလိုက်သည်။

နေတိုးနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအား ဧပြီ ၅ ရက်တွင် စီစဉ်ထားခဲ့ခြင်းဖြစ်သော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်နိုင်ရန်အတွက် မတ် ၃၁ ရက်တွင် စောစီးကျင်းပ ခဲ့ခြင်းဖြစ်ရာ တေလာဆန်က ပထမဆုံး တက်ရောက်ခြင်းဖြစ်သည််။

“ပစိဖိတ်ဖြတ်ကျော် မဟာမိတ်အဖွဲ့ နေတိုးအနေနဲ့ ရင်းမြစ်များ၊ ဘဏ္ဍာရေးနဲ့ အခြားကိစ္စရပ်တွေမှာ ဖြည့်ဆည်းထားဖို့ လိုအပ်ပြီး နေတိုးရဲ့ မစ်ရှင်တွေကို ဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။” ဟု   တေလာဆန်က ပြောသည်။

“အိုင်အက်စ်ကို တိုက်ခိုက်ရေးမှာ နေတိုးပါ၀င်မှုက အရေးကြီးပြီး အရှေ့အလယ်ပိုင်း တည်ငြိမ်မှုရှိရေးကို ဆောင်ကြဉ်းပေးနိုင်ရမှာဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

အမေရိကန်အနေဖြင့် ဒေါ်နယ်ထရမ့် သမ္မတ ဖြစ်ချိန်မှစကာ နေတိုးအဖွဲ့ဝင် ၂၈ နိုင်ငံအား ကာကွယ်ရေးအသုံးစရိတ်အတွက် ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်း ထည့်ဝင်ရန် အခါမလပ် တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly