တန်းမဆင်းရရန် စိတ်ချရသည့်အနေအထား မဟုတ်သေးဟု နည်းပြရှိတ်စပီးယားပြော

တန်းမဆင်းရရန် စိတ်ချရသည့်အနေအထား မဟုတ်သေးဟု နည်းပြရှိတ်စပီးယားပြော

ဧပြီ ၁၊ လက်စတာ။               ။ လက်စတာစီးတီးအသင်းအနေဖြင့် ပရီးမီးယားလိဂ်မှ တန်းမဆင်းရရန် စိတ်ချရသည့်အနေအထား မဟုတ်သေးဟု နည်းပြ ခရိတ် ရှိတ်စပီးယားက ပြောသည်။

လက်ရှိချန်ပီယံအသင်းသည် ၁၀ ကျန်သေးချိန်တွင် တန်းဆင်းဇုန်နှင့် ခြောက်မှတ်အကွာ အဆင့် ၁၅ နေရာ၌ ရပ်တည်နေသည်။

ပြီးခဲ့သည့်လတွင် ရာနီယေးရီထုတ်ပယ်ခံရပြီး ရှိတ်စပီးယားနည်းပြဖြစ်လာပြီးနောက် လက်စတာအသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက်အနိုင်ရထားသည်။

“အကွေ့အကောက်တွေ၊ အလှည့်ပြောင်းတွေရောက်လာဖို့ရှိနေသေးပြီး ကျွန်တော်တို့အစမ်းသပ်ခံနိုင်ရပါမယ်။ ရှေ့သုံးပွဲ မတိုင်မီက ကျွန်တော်တို့ တန်းဆင်းဇုန်ထဲရောက်နေခဲ့တယ်။

စိတ်ချရတဲ့အနေအထားထိရောက်အောင်လုပ်ဖို့ ကျွန်တော်တို့အဓိကအာရုံစိုက်ရမယ်။  အိမ်ကွင်းနှစ်ပွဲကစားဖို့ကျန်နေသေးပြီး စိတ်ချရဖို့ရှည်ကြာတဲ့ခရီးဖြစ်နိုင်သလို လိုချင်တဲ့ရလဒ်မရဘူးဆိုရင် တခြားလမ်းတစ်ခုလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်”ဟု ရှိတ်စပီးယားက ပြောသည်။

လက်စတာအသင်းမှာ ဧပြီ ၁၂ တွင်လည်း ဗင်းဆင့်ကယ်ဒါရွန်ကွင်း၌ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့အဖြစ် အက်သလက်တီကိုနှင့် ကစားရဦးမည်ဖြစ်သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly