မာဆေးဆိုက်ဒါဘီပွဲကို ခြေဖဝါးဒဏ်ရာကြောင့် ဟန်ဒါဆင်လွဲရန်ရှိနေ

မာဆေးဆိုက်ဒါဘီပွဲကို ခြေဖဝါးဒဏ်ရာကြောင့် ဟန်ဒါဆင်လွဲရန်ရှိနေ

မတ် ၃၁၊ လီဗာပူးလ် ။             ။ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆင်သည် ခြေဖဝါးဒဏ်ရာကြောင့်ပြီးခဲ့သည့် ငါးပတ်ကတည်းကအနားယူနေခဲ့ရပြီး ကြာသပတေးနေ့လေ့ကျင့်ခန်း အစီအစဉ်တွင်လည်းပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

ယခုတစ်ပတ်တွင် ဟန်ဒါဆင်ပြန်လည်ကစားနိုင်မည်ဟု နည်းပြကလော့ပ်ကမျှော်လင့်ထားသော်လည်း ကုသမှုဆက်လက်ခံယူ ရဦးမည်ဖြစ်ပြီး အဲဗာတန်နှင့်ပွဲတွင် စွန့်စားပါဝင်ရန်မရှိသည့် အနေအထားဖြစ်သည်။

ဒန်နီရယ် စတာရစ်ချ်သည် ကြာသပတေးနေ့က လေ့ကျင့်ခန်းဆင်းခဲ့သော်လည်း ယင်းတိုက်စစ်မှူးမှာ အသင်း၏ ကုသရေး ဝန်ထမ်းများနှင့်အတူရှိနေဆဲဖြစ်သည်။

အင်္ဂလန်တိုက်စစ်မှူးမှာ ဖေဖော်ဝါရီ ၄ တွင် ဟားလ်စီးတီးကို ၂-၀ ဂိုးဖြင့်ရှုံးသည့်ပွဲနောက်ပိုင်း အနားယူနေရသူဖြစ်သည်။

ဟန်ဒါဆင်မှာမူ ဖေဖော်ဝါရီ ၁၁ တွင် စပါးအသင်းကို ၂-၀ ဂိုးဖြင့်နိုင်ရခဲ့သည့်ပွဲစဉ်ကိုနောက်ဆုံးကစားထားပြီး ခြေဖဝါးဒဏ်ရာ မသက်သာသေး၍ ဘောလုံးပြန်ကစားနိုင်ရန် ဝေးနေဆဲဖြစ်သည်။

လီဗာပူးလ်အသင်းသည် စနေနေ့တွင် အန်ဖီးလ်ကွင်း၌ မာဆေးဆိုက်ဒါဘီအဖြစ် အဲဗာတန်အသင်းကို လက်ခံကစားရမည်ဖြစ်ပြီး ကြားရက်တွင် ဘုန်းမောက်အသင်းနှင့် ကစားရမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly