ရန်ကုန်၊မတ် ၃၁ ။ ။ လာမယ့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးသူ မဲဆန္ဒရှင် စုစုပေါင်း ၆၄၄ ယောက် ရှိပြီဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးတင်ထွန်းက ပြောသည်။
"မဲစာရင်း ပုံစံ ၁-၁ က ကိုယ့်ရဲ့မဲဆန္ဒနယ်ပြင်ပရောက် နေတဲ့ မဲဆန္ဒရှင်တွေ၊ ဥပမာ သင်တန်း၊ ကျောင်းတက်တာ၊ ဆေးရုံစတာတွေပေါ့ အဲ့ဒါတွေကို ပုံစံ ၁၅နဲ့တောင်းပြီး ပေးရတဲ့သူတွေက မြို့နယ် ၂၂ မြို့နယ်လုံးမှာ ၁၀၇၉ ေယောက်ရှိမယ်"ဟု ဦးတင်ထွန်းက ဆိုသည်။
ကြိုတင်မဲပုံစံများမှာ မဲဆန္ဒနယ် ပြင်ပရောက်သူများ တပ်မတော်သားနှင့် အတူနေအိမ်ထောင်စုဝင်များ၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ဟူ၍ ၃မျိုး ရှိသည်။
တပ် မတော်သားများနှင့် အတူနေ အိမ်ထောင်စုဝင်များတွင် (၅၀၂၉)ယောက် ကြိုတင်မဲပေးထားပြီး နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များတွင် အားလုံးပေါင်း (၃၃၉)ယောက် ကြိုတင်မဲပေးထားကြောင်း ဦးတင်ထွန်းက ပြောသည်။
ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၂ထောင်ရှိပြီး မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူပေါင်း ၂.၂သန်း ရှိသည်။