ပထမဆုံးတစ်ကိုယ်တော်သီချင်းနဲ့ ဂီတလောကထဲဝင်လာတဲ့ ရော်နယ်ဒင်ဟို

ပထမဆုံးတစ်ကိုယ်တော်သီချင်းနဲ့ ဂီတလောကထဲဝင်လာတဲ့ ရော်နယ်ဒင်ဟို

ဘရာဇီးဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာ ဂီတလောကထဲကို ဝင်ရောက်ဖို့ ခြေလှမ်းတစ်ခုစတင်လိုက်ပါပြီ။

အသက် ၃၇ နှစ်အရွယ် ရော်နယ်ဒင်ဟိုအနေနဲ့ ဆမ်ဘာသီချင်း ဆမ်ဘာသီချင်းအေးအေး လေးတစ်ပုဒ်ကို ဖန်တီးသီဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ လေးမိနစ်နဲ့ ၁၅ စက္ကန့်ကြာတဲ့ သူ့ရဲ့သီချင်းကို ဆိုဇင်ဟိုလို့အမည်ပေးထားပြီး အထီးကျန် လို့ အဓိပ္ပါယ်ရပါတယ်။

ဒါက ဂီတနဲ့ပတ်သက်ပြီး ရော်နယ်ဒင်ဟိုရဲ့ ပထမဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၆ ရီယိုမသန်စွမ်း အားကစားပြိုင်ပွဲတုန်းကလည်း သီချင်းဆိုခဲ့ဖူးပါသေးတယ်။

ဒါပေမဲ့ အခုထွက်လာတဲ့ ဆိုဇင်ဟို သီချင်းကတော့ သူကိုယ်တိုင်ဖန်တီးထားပြီး တရားဝင်ထွက်ရှိလာတဲ့ သီချင်းဖြစ်ပါတယ်။

သီချင်းနဲ့ပတ်သက်ပြီး ရော်နယ်ဒင်ဟိုက သူငယ်ချင်းတွေကိုကျေးဇူးတင်ကြောင်းနဲ့ တေးရေးမပါတဲ့ သူ့ရဲ့ပထမဆုံးသီချင်းဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ သံတမန်လည်းဖြစ်၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုရှင်ဟောင်း လည်းဖြစ်တဲ့ ရော်နယ်ဒင်ဟိုဟာ ၂၀၁၅ ခုနှစ်ကတည်းက ပရော်ဖက် ရှင်နယ်ပွဲတွေ မကစားရ တော့ပေမယ့် အနားယူဖို့ မကြေညာသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags