အာရှယူ-၂၀ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (ဂ)၌ ကျရောက်

အာရှယူ-၂၀ ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု (ဂ)၌ ကျရောက်

မတ် ၃၀၊ ရန်ကုန်။            ။ မြန်မာလက်ရွေးစင်ယူ-၂၀ ဖူဆယ်အသင်းပါဝင်ယှဉ်ပြိုင်မည့် အာရှယူ-၂၀ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အုပ်စုခွဲဝေမှု ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းမှာ အုပ်စု (ဂ)တွင် ကျရောက်နေသည်။

ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် မေ ၁၆ မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ခြောက်သင်းပါဝင်သော အုပ်စုတစ်စု၊ ငါးသင်းပါဝင်သောအုပ်စု သုံးစု၊ စုစုပေါင်း အုပ်စု လေးစုခွဲကာ ပြုလုပ်မည်ဖြစ်သည်။

မြန်မာလက်ရွေးစင်ယူ-၂၀ ဖူဆယ်အသင်းမှာ အုပ်စု (ဂ)တွင် ဥဇဘက်ကစ္စတန်၊ ကာတာ၊ လက်ဘနွန်၊ ဟောင်ကောင်အသင်း တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အုပ်စုလေးစုမှ ပထမနှင့် ဒုတိယ ရသောအသင်းရှစ်သင်းမှာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly