စပါးကွင်းလယ်ကစားသမား အဲရစ်လာမယ်လာ ရာသီကုန်အထိ အနားယူရမည်

စပါးကွင်းလယ်ကစားသမား အဲရစ်လာမယ်လာ ရာသီကုန်အထိ အနားယူရမည်

မတ် ၃၀၊ လန်ဒန်။              ။ စပါးကွင်းလယ်ကစားသမားအဲရစ်လာမယ်လာသည် တင်ပါးဆုံဒဏ်ရာကြောင့် ရာသီကုန်ထိအနားယူရတော့မည်ဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိ အာဂျင်တီးနားလက်ရွေးစင်ကစားသမားသည် ယင်းဒဏ်ရာကြောင့် အောက်တိုဘာလကတည်းက စပါးအသင်းအတွက်ကစားနိုင်ခြင်း မရှိဘဲ စနေနေ့တွင် ခွဲစိတ်မှုခံယူရမည်   ဖြစ်သည်။

လာမယ်လာသည်အခြေအနေကောင်းသော်လည်း လေ့ကျင့်ခန်းပြန်ဆင်းနိုင်သည့်အဆင့်မျိုးမဟုတ်သဖြင့် ခွဲစိတ်ရန်ဆုံးဖြတ်ရ ခြင်းဖြစ်သည်ဟု စပါးအသင်းကထုတ်ပြန်ထားသည်။

လာမယ်လာကလည်း “ပြန်ကောင်းလာဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့် ၁၀၀ ရာခိုင်နှုန်းမကောင်းသေးပါဘူး။ ဒီအနေအထားမျိုးနဲ့ ကျွန်တော်လိုချင်တဲ့ပုံစံကစားလို့မရသေးဘူး။

အခုလိုရုန်းကန်နေရတာကို အကောင်းမြင်စိတ်ထားပြီး အသင်းနဲ့အတူပြန်လာဖို့ ပိုပြီးသန်မာလာဖို့ကို မစောင့်နိုင်လောက်အောင် ဖြစ်နေပါတယ်”ဟု ပြောသည်။

လာမယ်လာသည် ဒဏ်ရာမရမီတွင် စပါးအသင်းအတွက် လက်ရှိရာသီ ၁၄ ပွဲကစားထားသည်။ ၂၀၁၃ တွင်ရိုးမားမှပြောင်းလာ သည့် လာမယ်လာသည် ပြီးခဲ့သည့်ရာသီကခြေစွမ်းပြခဲ့ပြီး ၁၃ ဂိုးသွင်းနိုင်ခဲ့သည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly