ရီပတ်ဘလစ်ကန်အမတ်တစ်ချို့ ကန့်ကွက်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမယ့် အစီအစဉ် ပျက်ပြား

ရီပတ်ဘလစ်ကန်အမတ်တစ်ချို့ ကန့်ကွက်ခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမယ့် အစီအစဉ် ပျက်ပြား

မတ် ၂၅ ။               ။ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆိုင်ရာ မူကြမ်းတစ်ရပ်ကို အကောင်အထည်ဖော်ဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တစ်ယောက် အားထုတ်ကြိုးပမ်းလာခဲ့ပေမယ့် ယခုအခါ ယင်းကို လွှတ်တော် တင်မဲခွဲမယ့် အစီအစဉ်မတိုင်ခင်မှာပင် ရှေ့မဆက်နိုင်ဘဲ ပျက်ပြားသွားခဲ့ရပြီဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

သမ္မတဟောင်း ဘရက်ခ်အိုဘားမားရဲ့ Obamacare ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကို ဖျက်သိမ်းပြီး မိမိလက်ထက်မှာ ဥပဒေပြဌာန်းချက်အသစ်တစ်ခုနဲ့ အစားထိုးဖို့ ဒေါ်နယ်ထရမ့်က ကြိုးပမ်းခဲ့ပေမယ့် လွှတ်တော်တင်ရမယ့်အဆင့်ကိုပဲ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိတာပဲ ဖြစ်ပါတယ်။

ယင်း မူကြမ်းကို လွှတ်တော်မှာ တင်သွင်း မဲခွဲဖို့ လုပ်ဆောင်ခဲ့ပေမယ့်သော်ငြားလည်း မဲခွဲဖို့အတွက် လုံလောက်တဲ့ ထောက်ခံမဲအရေအတွက် မရခဲ့တာကြောင့် ယခုအစီအစဉ်ကို ထရမ့်ကိုယ်တိုင် မချင့်မရဲနဲ့ ပြန်လည် ရုတ်သိမ်းခဲ့ရပြီလည်း ဖြစ်ပါတယ်။

ယင်းကို လွှတ်တော်တင်ဖို့ ရီပတ်ဘလစ်ကန် အမတ် ၂၁၅ ဦးရဲ့ ထောက်ခံမှုကို လိုအပ်ခဲ့ပေမယ့် ယင်းအတိုင်း အပြည့်အဝ မရခဲ့တာကြောင့် ယခုလို ပြန်လည် ရုတ်သိမ်းလိုက်ရတာလည်း ဖြစ်ပါတယ်။

သတင်းတွေအရတော့ အနည်းဆုံး ရီပတ်ဘလစ်ကန် အမတ် ၂၈ နဲ့ ၃၅ ကြား တို့က ထရမ့်ရဲ့ ယခု ဥပဒေမူကြမ်းကို သဘောမတူ ကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ တကယ်တမ်းမှာတော့ လွှတ်တော်နှစ်ရပ်စလုံးမှာက လက်ရှိ ရီပတ်ဘလစ်ကန်တွေကသာ လွှမ်းမိုးထားတာဖြစ်ပေမယ့် ယခုလို  မူကြမ်း တင်သွင်းမယ့်ကိစ္စ ပျက်ပြားခဲ့ရတာကြောင့် ဒေါ်နယ်ထရမ့်တစ်ယောက် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

၎င်းလက်ထက်မှာ ယခင်သမ္မတ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းအစားထိုးဖို့က ရွေးကောက်ပွဲကတိကဝတ်တွေထဲက အဓိကတစ်ခုဖြစ်တာကြောင့် ယခု ရှုံးနိမ့်မှုက ထရမ့်အပေါ် အထိနာစေခဲ့ရပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags