နှုတ်ခမ်းနီ အပြင် Eyeshadow Pelette & Eye Liner တို့ကို ထပ်မံ ရောင်းချမည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

နှုတ်ခမ်းနီ အပြင် Eyeshadow Pelette & Eye Liner တို့ကို ထပ်မံ ရောင်းချမည့် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်

ရန်ကုန်၊ မတ် ၂၄ ။                ။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ Sai Cosmetix အလှကုန် ပစ္စည်းမှ နှုတ်ခမ်းနီအပြင် Products အသစ်ဖြစ်သည့် Eyeshadow Pelette & Eye Liner ကုန်ပစ္စည်း အသစ်တို့ကို ဧပြီ ၂ရက်မှ စတင်ပြီး ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်သည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်သည် Sai Cosmetix အမည်ဖြင့် ပထမဆုံး အလှကုန်ပစ္စည်း First Kiss ၊ Be Mine ၊ Heartbreaker ဟု အမည်ပေးထားသည့် နှုတ်ခမ်းနီ ၃မျိုးကို စတင်ထုတ်လုပ် ဖြန့်ဖြူးရောင်းချခဲ့ခြင်း ဖြစ်သည်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်မှ “ကျွန်တော်တို့ Sai Cosmetix ကနေ Products အသစ် ဖြစ်တဲ့ Eyeshadow Pelette & Eye Liner ကို ဧပြီ ၂ရက်မှာ စတင်ရောင်းချပါမယ်။ Eyeshadow Pelette မှာ ၂မျိုးထွက်ပါမယ် Gold Dust လို့ နာမည်ပေးထားတဲ့ Paletteရယ် Starry Eyes လို့ နာမည်ပေးထားတဲ့ Palette ဆိုပြီး အမည်ပေးထားပါတယ်” ဟု ပြောသည်။

Gold Dust ဟု နာမည်ပေးထားသည့် Palette တွင် ရွှေရောင်အခြေခံ တည်ငြိမ်ပြီး လှပသည့် အရောင်အများစုပါသည့် Eyeshadow ၆ခု နှင့် ပန်းရောင် Blusherတို့ ပါဝင်မည်ဖြစ်သည်။
ဒုတိယတစ်ခု အနေဖြင့် Starry Eyes ဟု နာမည်ပေးထားသည့် Palette ဖြစ်ပြီး ထို Palette တွင် အားပြင်းပြီး ဆန်းသစ်သည့် အရောင်တွေပါဝင်သည့် Shadow ၆ခု နှင့် Contour ချဖို့ အတွက် Bronzer ရယ်ပါဝင်မည် ဖြစ်သည်။

Sai Cosmetix ၏ နှုတ်ခမ်းနီများသည် မိန်းကလေး ပရိသတ်များကြားတွင် စိတ်ဝင်စားမှုများပြီး ၀ယ်ယူ အားပေးမှုများနေသည့် ကုန်ပစ္စည်းတစ်ခုဖြစ်ကာ ဖေဖော်ဝါရီလ ချစ်သူများနေ့တွင် နောက်ထပ် My Valentine ၊ Summer Fling ၊ My Bae ၊ Only You ဟု အမည်ပေးထားသည့် နှုတ်ခမ်းနီ အရောင်သစ် ၄မျိုးကို ထပ်မံ ဖြန့်ဖြူးရောင်းချခဲ့သည်။

ထိုကုန်ပစ္စည်းအသစ် မိတ်ဆက်ပွဲကို ဧပြီ ၂ရက်တွင် ရန်ကုန်မြို့ရှိ ဂျန်းရှင်းစကွဲ ရှော့ပင်းမောလ်၌ ပြုလုပ်မည်ဖြစ်ကာ ထိုနေ့တွင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly