မတ်လ ၂၃ ။ ။ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ရုပ်ပြအသုံးချသော ပါတီမဟုတ်ဘဲ ဗိုလ်ချုပ်အမှာစကားအား အမှန်တကယ်အကောင်အထည်ဖော်ခဲ့သူများ ဖြစ်သည်ဟု မတ််လ ၂၂ ရက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးက ပြောသည်။
ပါတီဥက္ကဋ္ဌဦးသန်းဌေးက မတ်လ ၂၂ ရက်တွင် ဟားခါးမြို့ ပြည်နယ် ၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီများနှင့်တွေ့ဆုံပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။
ဦးသန်းဌေးက မိမိတို့အစိုးရတာဝန်ယူစဉ် နိုင်ငံတော်ကို အမြင်(၄)မြင်ဖြင့် ထူထောင်ဆောင်ရွက်ခဲ့ပြီး ပြည်ပအန္တရာယ်ဟန့်ထားနိုင်သည့်အဆင့်ရှိသော ခေတ်မီတပ်မတော်အဖြစ် ထူထောင်ခဲ့ခြင်း၊
၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းပြောကြားမျှော်မှန်းခဲ့သည့် တပ်မတော်အင်အားကို အကောင်းဆုံးလိုက်နာကြိုးပမ်းထူထောင်ပေးခဲ့ခြင်း၊ ချင်းပြည်နယ်အပါအဝင် ပြည်နယ်/တိုင်းအနှံ့ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကို ဆောင်ရွက်ခဲ့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။
ထို့ပြင် လွှတ်တော်တွင် မဲခွဲ၍ အတည်ပြုတိုင်း ပြည်ထောင်စုအတွက် အမှန်တရားမဟုတ် ဟု ပြောဆိုသွားခဲ့သည်။