မင်းတပ်မြို့မှ ယာဉ်မောင်းအပါအဝင် ခရီးသည်လေးဦး တင်ဆောင်လာသော ဂျစ်ကားသည် ကမ္မမြို့၊ အမှတ် ( ၁၂ ) ဂျိုးပျံရပ်ကွက်၊ အနောက်ဘက်တစ်မိုင်ခန့်အကွာတွင် ထန်းနောင်းပင်ကို ဝင်တိုက်မိကြောင်း သိရသည်။
ယနေ့ မတ်လ ၂၂ ရက်၊ နံနက် ၈ နာရီ၊ မင်းတပ်မြို့မှ ကုန်အပြည့် တင်ဆောင်လာသော ၈ခ | ၈၅၃၇ ဂျစ် ကားသည် ဂျိုပျံအနောက်ဘက် တစ်မိုင်ခန့်အကွာတွင် စက်ချို့ယွင်းမှုဖြစ်ပြီး လမ်းညာဘက်ရှိ ထန်းနောင်းပင်ကို တိုက်မိခဲ့ခြင်းဖြစ်သည်။
ယာဉ်မောင်းတစ်ဦးသာအနည်းငယ်ထိခိုက်မှုရရှိ (အသက်အန္တရာယ်မစိုးရိမ်ရ) ကြောင်းသိရပြီး ကျန်ခရီးသည်လေးဦးမှာ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။ ဒဏ်ရာရသူ ယာဉ်မောင်းကို ကမ္မစံပြမေတ္တာလူနာတင်ကားဖြင့် ကမ္မဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ယာဉ်မောင်းဖြစ်သူကို ကမ္မမြို့ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။