နာမည်ကျော် ပေါ့ပ်ဂီတအဖွဲ့ Spice Girl မှ မယ်လ်ဘီ ဟု လူသိများသော အဆိုတော် မယ်လန်နီဘရောင်း သည် ဆယ်နှစ်နီးပါးခန့် လက်တွဲလာခဲ့သော ခင်ပွန်းဖြစ်သူနှင့် ညိနှိုင်း၍မရနိုင်သော သဘောထားကွဲလွဲမှုများ ကြောင့် ကွာရှင်းပြတ်ဆဲရန် အမှုဖွင့်ခဲ့သည်။
ပြီးခဲ့သော တနင်္လာနေ့က လော့စ်အိန်ဂျယ်လိစ်ရှိ တရားရုံးသို့ တင်ပြခဲ့သော စာရွက်စာတမ်းများအရ အသက် ၄၁ နှစ်အရွယ်ရှိ ပေါ့ပ်အဆိုတော် မယ်လ်ဘီနှင့် ရုပ်သံထုတ်လုပ်သူ စတက်ဖန်ဘယ်လာဖွန်တီ တို့သည် လွန်ခဲ့ သော ဒီဇင်ဘာလကတည်းက တရားဝင်မကွာရှင်းဘဲ ကွဲနေကြကြောင်း သိရသည်။
မယ်လ်ဘီသည် သူမတို့နှစ်ဦး၏ ငါးနှစ်အရွယ်သမီးလေးဖြစ်သူ မာဒီဆန်ဘရောင်းဘယ်လာဖွန်တီအား တရားဝင် ပူးတွဲထိန်းသိမ်း စောင့်ရှောက်ခွင့်ရရန်အတွက် တရားရုံး၌ မေတ္တာရပ်ခံခဲ့သည်။
မယ်လ်ဘီနှင့် ဘယ်လာဖွန်တီတို့ နှစ်ဦးစလုံး၏ ကိုယ်စားလှယ်များသည် ယခုလို တရားဝင် ကွာရှင်းပြတ်ဆဲမှု နှင့် ပက်သက်၍ မှတ်ချက်များပေးရန်အတွက် ငြင်းဆန်ခဲ့ကြသည်။
၁၉၉၀ ခုနှစ်များက စတင်တည်ထောင်ခဲ့သော Spice Girls ၏ အဖွဲ့ဝင် အဆိုတော်ဖြစ်သူ မယ်လ်ဘီသည် ဘယ်လာဖွန်တီအား လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဂျွန်လက လက်ထပ်ခဲ့သည်။
မယ်လ်ဘီတွင် ယခင်အိမ်ထောင်နှင့်ရခဲ့သော ကလေးနှစ်ဦးလည်း ရှိကြောင်း သိရသည်။