ထိပ်သီးအသင်းကြီးငါးသင်းကို ရှုံးပွဲမရှိ ကစားနိုင်ခဲ့သည့် လီဗာပူးလ်အသင်း

ထိပ်သီးအသင်းကြီးငါးသင်းကို ရှုံးပွဲမရှိ ကစားနိုင်ခဲ့သည့် လီဗာပူးလ်အသင်း

မတ် ၂၀၊ အင်္ဂလန် ။             ။ နည်းပြ ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးလ်အသင်းဟာ ဒီနှစ်ပရီးမီးယားလိဂ်မှာ ပြိုင်ဘက်ထိပ်သီးအသင်းကြီးငါးသင်းစလုံးကို နှစ်ကျော့စလုံး ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပါတယ်။

အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီးတဲ့နောက် လီဗာပူးလ်အသင်းဟာ ဒီစံချိန်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ချယ်လ်ဆီး၊ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ စပါးတို့နဲ့ ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၅ ပွဲနိုင်ပြီး ၅ ပွဲသရေကျကာ ရမှတ် ၂၀ အထိ ရအောင် ရယူနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ အာဆင်နယ်အသင်းကို နှစ်ပွဲစလုံး အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး မန်ယူနဲ့တော့ ၂ ပွဲစလုံးသရေကျခဲ့ပါတယ်။ မန်စီးတီး၊ စပါး၊ ချယ်လ်ဆီးတို့ကိုတော့ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်တွေ ရရှိအောင် ကစားနိုင်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းကလွဲလို့ ကျန်ထိပ်သီးအသင်းကြီးတွေဟာ ထိပ်သီးပြိုင်ဘက်တွေနဲ့တွေ့ဆုံခဲ့ရာမှာ တစ်ပွဲမဟုတ် တစ်ပွဲတော့ ရှုံးနိမ့်ခဲ့ကြရပါတယ်။

လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းဟာ ရမှတ် ၅၆ မှတ်ရရှိထားပြီး အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။ ချယ်လ်ဆီးကလွဲလို့ ကျန်အသင်းကြီးအားလုံးဟာ အမှတ်ကွာဟမှု ကျဉ်းမြောင်းတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကို အပြိုင်ကြိုးပမ်းလျက်ရှိနေကြပါတယ်။

ပြိုင်ဘက်အသင်းကြီးများနှင့် လီဗာပူးလ်၏ ရလဒ်များ

-------------------------------------------------------

အာဆင်နယ် ၃-၄ လီဗာပူးလ်

လီဗာပူးလ် ၃-၁ အာဆင်နယ်

စပါး ၁-၁ လီဗာပူးလ်

လီဗာပူးလ် ၂-၀ စပါး

ချယ်လ်ဆီး ၁-၂ လီဗာပူးလ်

လီဗာပူးလ် ၁-၁ ချယ်လ်ဆီး

လီဗာပူးလ် ၀-၀ မန်ယူ

မန်ယူ ၁-၁ လီဗာပူးလ်

လီဗာပူးလ် ၁-၀ မန်စီးတီး

မန်စီးတီး ၁-၁ လီဗာပူးလ်

ရည်ညွှန်း ပရီးမီးယားလိဂ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly