လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းရှိ ဗလီထိခိုက်ပျက်စီး၍ ၄၂ဦးခန့်သေဆုံး

လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းရှိ ဗလီထိခိုက်ပျက်စီး၍ ၄၂ဦးခန့်သေဆုံး

 မတ် ၁၇ ။            ။ ပြီးခဲ့သော ကြာသာပတေးနေ့၌ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားမြောက်ပိုင်းရှိ ရွာတစ် ရွာမှ ဗလီတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး ၄၂ဦးသေဆုံးခဲ့ကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့က ပြောခဲ့သည်။

အမျိုးအမည်မသိရသော စစ်လေယာဉ်များသည် အလက်ပိုဒေသအတွင်းရှိ ဗလီတစ်ခုအား ညနေခင်းဝတ်ပြု ချိန်၌ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သားအများဆုံးသေဆုံးခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၄၂ဦးခန့်ရှိ ကြောင်း ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာမှုအဖွဲ့မှ အကြီးအကဲဖြစ်သူက ပြောခဲ့သည်။

“လူပေါင်း ၁၀၀ရာကျော်လည်း ဒဏ်ရာရရှိခဲ့ပါတယ်” ဟု သူကပြောခဲ့ပြီး အယ်လ်ဂျီနာရွာမှ ပြိုကျပျက်စီးခဲ့သော ဗလီအောက်ခြေ၌ ပိတ်မိနေသူ အများအပြားရှိနေသေးကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုရွာအား သူပုန် များနှင့် အစ္စလာမ်မစ်အဖွဲ့တို့က ချုပ်ကိုင်ထားသည်။

ကယ်ဆယ်ရေးလုပ်သားများသည် အုပ်ကျိုးအုပ်ပဲ့များကြားမှ အသက်ရှင်ကျန်ရစ်သူများအား ခက်ခက်ခဲခဲ ဆွဲထုတ်နေကြပြီး ဒါဇင်နှင့်ချီသော သူများလည်း စာရင်းပျောက်လျက် ရှာမတွေ့သေးကြောင်း သိရသည်။

ရွာခံဖြစ်သော အဘူမူဟာမက်က သူသည် ဗလီအား ထိမှန်ခဲ့ချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံကြီးအား ကြားရခဲ့ပြီး ဆုတောင်းဝတ်ပြုနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ ဒါ့အပြင် “ ကျနော်ရောက်တဲ့ အချိန်မှာ အလောင်း ၁၅ လောင်းလောက်ကို တွေ့ခဲ့ရပါတယ်။ ဘယ်သူ့အလောင်းလဲဆိုတာကိုတောင် မမှတ် မိတော့ပါဘူး” ဟု သူက ဆက်ပြောခဲ့သည်။

လွန်ခဲ့သော ၆နှစ်ကတည်းက အစိုးရဆန့်ကျင်သူများနှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ဆီးရီးယားနိုင်ငံ၌ လူပေါင်း ၃၂၀၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly