ရွေးကောက်ပွဲအနိုင်ရက နယ်သာလန်ကို အီးယူက ထွက်ခွာရေး ဆန္ဒခံပွဲကျင်းပမည်ဟု လက်ယာစွန်း ပါတီခေါင်းဆောင် ပြော

ရွေးကောက်ပွဲအနိုင်ရက နယ်သာလန်ကို အီးယူက ထွက်ခွာရေး ဆန္ဒခံပွဲကျင်းပမည်ဟု လက်ယာစွန်း ပါတီခေါင်းဆောင် ပြော

အမ်စတာဒမ်၊ မတ် ၁၆ ။         ။ ရွေးကောက်ပွဲမှာ အနိုင်ရရေး မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့ နယ်သာလန် လက်ယာစွန်းပါတီခေါင်းဆောင်က ၎င်းသာ အနိုင်ရပါက အီးယူကနေ နိုင်ငံနုတ်ထွက်ရေး   ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပစေမယ်လို့ ကတိပြုပြောလိုက်ပါတယ်။

နိုင်ငံခြားတိုင်းပြည်များအတွက် ငွေကုန်ကြေးကျများလွန်းတာကြောင့် နယ်သာလန်ကို အီးယူက နုတ်ထွက်ဖြစ်ရေး ကြိုးစားသွားမယ်လို့ အမျိုးသားရေးလွတ်လပ်ခွင့်ပါတီ PVV ရဲ့ အကြီးအကဲ ၀ိုင်းဒါးစ်က ပြောလိုက်တာဖြစ်ပါတယ်။

“ခုရွေးကောက်ပွဲမှာ ဘာရလဒ်ပဲ ထွက်လာပါစေ မီးခွက်စောင့်နတ်သမီး ဂျင်နီက မီးခွက်ထဲ ပြန်ဝင်တော့မှာ မဟုတ်ဘူး။ မျိုးချစ်တော်လှန်ရေးအပြောင်းအလဲက နယ်သာလန်မှာ စနေပြီ။”လို့ ၀ိုင်းဒါးစ်က ဆိုပါတယ်။

အစ္စလာမ်နှင့် ရွှေ့ပြောင်းဝင်ရောက်မှုများကို ပြင်းပြင်းထန်ထန် ဆန့့်ကျင်တဲ့ ၀ိုင်းဒါးစ်ဟာ ရွေးကောက်ပွဲကတိတွေကို ဖော်ဆောင်ပေးဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဆိုပါတယ်။

၀ိုင်းဒါးစ်ဟာ ကိုအာန်ကျမ်းကို ပိတ်ပင်ပြီး အစ္စလာမ်မစ်နိုင်ငံတွေက ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းဝင်ရောက်သူတွေကို လက်မခံဘဲ ပိတ်ထားဖို့ ကတိပေးထားသူလည်းဖြစ်ပါတယ်။

မျိုးချစ်ပါတီတွေက ခိုင်မာအားကောင်းနေပြီဖြစ်ကာ နိုင်ငံရေးရေပေါ်ဆီအသိုင်းအဝိုင်းကို မျက်ကွယ်ပြုလာပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly