အီသီယိုးပီးယားမှ တင်သွင်းလာတဲ့ ဒေါ်လာလေးသန်းကျော် တန်ကြေးရှိ ကြံ့ချိုများ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

အီသီယိုးပီးယားမှ တင်သွင်းလာတဲ့ ဒေါ်လာလေးသန်းကျော် တန်ကြေးရှိ ကြံ့ချိုများ ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိ

ဘန်ကောက်၊ မတ် ၁၅ ။          ။ အီသီယိုးပီးယားက တင်သွင်းလာတဲ့ ဝန်စည်ပစ္စည်းသေတ္တာတွေနဲ့အတူ ဖုံးကွယ်တင်ဆောင်လာတဲ့ ကြံ့ဦးချိုပေါင်း ၂၁ ခုကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိပါတယ်။

ဖမ်းဆီးရခဲ့တဲ့ ကြံ့ချိုတွေဟာ တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၁၄၈ ဒဿမ ၂ သန်း(အမေရိကန်ဒေါ်လာ ၄ ဒဿမ ၂ သန်း) တန်ကြေးရှိကြောင်း ရဲဌာနက မတ် ၁၅ ရက်မှာ အတည်ပြုပါတယ်။

ဘန်ကောက်က သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ခရီးဆောင်လက်ဆွဲသေတ္တာတွေကို ကြားဖြတ်စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ထိုင်းတော်ဝင်ရဲဌာန လက်ထောက်ရဲမင်းကြီး သီရိဗိုရာကန်က အီးအက်ဖ်အီးသတင်းဌာနကို ပြောပါတယ်။

အကောက်ခွန်အရာရှိတွေက လက်ဆွဲသေတ္တာခရီးဆောင်အိတ်တွေကို စစ်တဲ့အချိန်မှာ ကြံချိုတွေ ပါရှိတဲ့ သေတ္တာပိုင်ရှင် အမျိုးသမီးနှစ်ဦးက ထွက်ပြေးကြတယ်လို့ ဆိုပါတယ်။

ထိုအမျိုးသမီးနှစ်ဦးဟာ တစ်ဦးက ဗီယက်နမ်ကဖြစ်ပြီး ကျန်တစ်ဦးက ကမ္ဘောဒီးယားနိုင်ငံက ဖြစ်ကာ ၎င်းတို့နှစ်ဦးအနေနဲ့ ရှားပါးတိရစ္ဆာန်အစိတ်အပိုင်းများ တင်သွင်းမှုနဲ့ ထောင်ဒဏ် ၁၄ နှစ်နဲ့ အထက် ကျခံရဖွယ်ရှိကြောင်း ရဲက ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဆင်စွယ်၊ ကြံ့ချိုစတဲ့ ရှားပါးပစ္စည်းတွေ စျေးကြီးပေးဝယ်တဲ့ ဗီယက်နမ်နဲ့ တရုတ်လိုနိုင်ငံတွေကို မှောင်ခိုတင်သွင်းရာမှာ ကြားခံဖြတ်သန်းရာ နိုင်ငံအဖြစ် အသုံးချခံနေရတဲ့   နိုင်ငံလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags