အာဖဂန်နစ္စတန်၌ ပြန်ပေးဆွဲခံခဲ့ရသော သြစတြေးလျအမျိုးသမီး ပြန်လည်လွတ်မြောက်လာ

အာဖဂန်နစ္စတန်၌ ပြန်ပေးဆွဲခံခဲ့ရသော သြစတြေးလျအမျိုးသမီး ပြန်လည်လွတ်မြောက်လာ

 မတ် ၁၅ ။              ။ ပြီးခဲ့သောနှစ်က အာဖဂန်နစ္စတန်နိုင်ငံ၌ ပြန်ပေးဆွဲခံခဲ့ရသော သြစတြေးလျအမျိုးသမီးသည် ပြန်လည်လွတ် မြောက်လာပြီ ဖြစ်ကြောင်း အာဏာပိုင်များက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့သည်။

အဆိုပါအမျိုးသမီးသည် ထောက်ပံ့ရေးလုပ်သား တစ်ဦးဖြစ်ပြီး ပြီးခဲ့သောနှစ် နို၀င်ဘာလတွင် အာဖဂန်နစ္စတန် နိုင်ငံ၏ မြို့တော် ကာဘူးလ်တွင် အဓမ္မခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်ဟု သြစတြေးလျရုပ်သံထုတ်လွှင့်မှု ကော်ပိုရေးရှင်းက ပြောခဲ့သည်။

“အာဖဂန်နစ္စတန်နိုင်ငံ၌ ပြန်ပေးဆွဲခံခဲ့ရသော သြစတြေးလျအမျိုးသမီး ပြန်လည်လွတ်မြောက်သွားပြီ ဖြစ်ပါ တယ်” ဟု နိုင်ငံခြားရေးရာဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီး အာဖဂန်နစ္စတန်မှ အာဏာပိုင်များအား ၄င်းတို့၏ ထောက်ပံ့ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

သူမ၏မိသားစုသည် သူမဘေးအန္တရာယ်ကင်းစွာ ပြန်လာနိုင်တဲ့အတွက် ၀မ်းသာစွာကြိုဆိုနေကြပြီး မီဒီယာများ အား လောလောဆယ်တွင် ၄င်းတို့၏ ကိုယ်ရာကိုယ်တာကိစ္စအား လေးစားသမှုပြုရန် မေတ္တာရပ်ခံခဲ့သည်။

သြစတြေးလျနိုင်ငံသည် ၄င်း၏နိုင်ငံသားများအား အာဖဂန်နစ္စတန်သို့ အလည်အပတ်မသွားကြရန် သတိပေးခဲ့ ပြီး ထောက်ပံ့ရေးလုပ်သားများ၊ ဂျာနယ်လစ်များ၊ နိုင်ငံခြားကုမ္ပဏီမှ အလုပ်သမားများသည် ပြန်ပေးဆွဲခံရမည့် ပစ်မှတ်များ ဖြစ်လာနိုင်သည်ဟု ပြောခဲ့သည်။

“အကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ နှင့် အန္တရာယ်ရှိသော လုံခြံုရေးအခြေအနေများကြောင့် အာဖဂန်နစ္စတန်ကို ခရီးမထွက်ကြပါနဲ့” ဟု ကြေညာခဲ့သည်။

ပြီးခဲ့သော သြဂုတ်လတွင်လည်း ကတ်သရင်းဂျိန်းဝယ်လ်ဆင်အမည်ရှိ သြစတြေးလျ ထောက်ပံ့ရေးလုပ်သား တစ်ဦးကို အာဖဂန်ရှိ အထူးတပ်ဖွဲ့များက ကယ်ဆယ်ခဲ့ရသည်။ သူမအား မျက်နှာဖုံးစွပ်ထားသော အမျိုးအမည် မသိရသည့် သေနတ်သမားများက ပါကစ္စတန်နယ်စပ်အနီး ဂျာလာလာဘတ်တွင် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly