ကုမ္ပဏီများတွင် ခေါင်းမြီးခြံုဝတ်ဆင်မှု တားမြစ်နိုင်ခွင့်ရှိဟု အီးယူထိပ်တန်းတရားရုံးက အမိန့်ချ

ကုမ္ပဏီများတွင် ခေါင်းမြီးခြံုဝတ်ဆင်မှု တားမြစ်နိုင်ခွင့်ရှိဟု အီးယူထိပ်တန်းတရားရုံးက အမိန့်ချ

အီးယူ၊ မတ် ၁၅ ။             ။ ဥရောပရှိ ကုမ္ပဏီတွေအနေနဲ့ နိုင်ငံရေးအရဖြစ်ဖြစ်၊ ဘာသာရေးအရကြောင့်ပဲဖြစ်ဖြစ် မွတ်စလင်ခေါင်းပုဝါခြံုခြင်းအပါအဝင် အလုပ်သမားတွေ ခေါင်းမြီးခြံုဝတ်စားဆင်ယင်မှုကို တားမြစ်နိုင်တယ်လို့ အထင်ကရအမှုတစ်ရပ်မှာ အီးယူထိပ်တန်းတရားရုံးက မတ် ၁၄ ရက်က စီရင်ချက်ချလိုက်ပါတယ်။

နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ ဘာသာရေးကြောင့်ပဲဖြစ်ဖြစ် ခေါင်းမြီးခြံုဝတ်ဆင်မှုကို ကုမ္ပဏီတစ်ရပ်က လုပ်ငန်းခွင်အတွင်း တားမြစ်ခြင်းဟာ တိုက်ရိုက်ခွဲခြားဆက်ဆံမှု မမြောက်ကြောင်း ဥရောပတရားစီရင်ရေးခုံရုံး ECJ က ပြောပါတယ်။

ဘယ်ဂျီယံက လုံခြံုရေးကုမ္ပဏီ G4S ဟာ မွတ်စလင်အမျိုးသမီးတစ်ဦးက ခေါင်းမြီးခြံုဝတ်ဆင်ခွင့် မရမကတောင်းနေတာကြောင့် တရားစွဲဆိုမှုဖြစ်ပွားခြင်းဖြစ်ပြီး လူဇင်ဘတ် အခြေစိုက် ECJ ခုံရုံးက ခုလို စီရင်ကြားနာခဲ့တာဖြစ်ပါတယ်။

ECJ တရားရုံးရဲ့ ခုဆုံးဖြတ်ချက်ဟာ စိတ်ပျက်ဖွယ်ဖြစ်ပြီး ခွဲခြားမှုတွေကို အားပေးစေလိမ့်မှာဖြစ်တယ်လို့ အခွင့်အရေးအုပ်စုဖြစ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့က ပြောပါတယ်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ကုမ္ပဏီတွေရဲ့ စည်းမျဉ်းစည်းကမ်းထုတ်ရာမှာ ဘာသာရေးအရ ခေါင်းမြီးခြံုတာကို တားမြစ်လာနိုင်တော့မှာဖြစ်တယ်။ ခွဲခြားမှုတွေအတွက် တံခါးဖွင့်ပေးလိုက်တာပဲဖြစ်တယ်။”လို့ ယင်းအဖွဲ့က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags