မတ်လ ၁၂ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောတွင် တစ်ဖက်နိုင်ငံမှ ရေပြွန်ပေါက်မှ တဆင့် ၀င်ရောက်လာသူတစ်ဦးအား ဖမ်းဆီးရမိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ ထုတ်ပြန်သည်။
ဖြစ်စဉ်မှာ မတ် ၁၁ ရက် နံနက် ၉ နာရီခွဲတွင် မောင်တောမြို့နယ် နယ်မြေ ၃ တောင်ပြိုလက်ဝဲ ၂ ရပ်ကွက်၌ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များလှည့်ကင်းဆောင်ရွက်စဉ်လမ်းပေါ်၌ ဒါးကြီးစားကျေးရွာနေ မာမတ်ဇူဘိုင် ၂၀ နှစ်အား တွေ့ရှိ၍ဖမ်းဆီးခဲ့သည်။
စစ်ဆေးမေးမြန်းရာ လွန်ခဲ့သည့် ၁ လခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သရက်အုပ်ကျေးရွာအနီးမှတစ်ဆင့် တရားမဝင်သွားရောက်၍ ကူတူပါလောင်ဒုက္ခသည်စခန်းရှိ အာရဗီကျောင်း၌ ၅ တန်းတက်ရောက်နေကြောင်း၊ ၎င်း၏ မိဘများရှိရာ ဒါးကြီးစားကျေးရွာသို့အလည်အပတ်သွားရောက်ရန် မြန်မာနိုင်ငံဘက်ခြမ်းသို့ ရပ်ကွက် ၂ အနီးရှိ ရေပြွန်ပေါက်မှခိုးဝင်လာခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မာမတ်ဇူဘိုင်အား တောင်ပြိုလက်ဝဲမြို့မရဲစခန်းက ဖမ်ဆီးထားးပြီး မြို့နယ်လဝကသို့ အပ်နှံရန် စီစဉ်လျက်ရှိကြောင်းသိရသည်။