ထိုင်ဝမ်မှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ ပိတ်ပစ်ရေး လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်တောင်းဆို

ထိုင်ဝမ်မှာ နျူကလီးယားဓာတ်အားပေးစက်ရုံတွေ ပိတ်ပစ်ရေး လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်တောင်းဆို

တိုင်ပေ၊ မတ် ၁၁ ။             ။ ဂျပန်နိုင်ငံမှာ ဖူကူရှီမားနျူကလီးယားဓာတ်ပေါင်းဖို မတော်တဆဖြစ်ပွားမှု ခြောက်နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်နေချိန်မှာ ထိုင်ဝမ်မှာ ဘမြို့နေပြည်သူထောင်ပေါင်းများစွာဟာ  နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ ပိတ်ပစ်ဖို့ မတ် ၁၁ ရက်မှာ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုကြပါတယ်။

ဆန္ဒပြသူတွေက စက်ရုံတွေ ပိတ်ပစ်ဖို့အပြင် ရေဒီယိုသတ္တိကြွစွန့်ပစ်ပစ္စည်းသိုလှောင်မှု ဆုံးဖြတ်ရာမှာ အရပ်သားတွေ ပိုမိုပါဝင်ရေးကိုလည်း တောင်းဆိုကြတာဖြစ်ပါတယ်။

နျူကလီးယားဆန့်ကျင်သော အရပ်ဖက်အဖွဲ့အစည်း ၆၀ ကျော်ထက်မနည်း စုရုံးပြီး နျူကလီးယားစွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုမှာ ပိုမိုပွင့်လင်းမြင်သာမှုရှိရေးနဲ့ အရပ်သားများ ပိုမိုပါဝင်နိုင်ရေး တို့အပြင် နျူကလီးယားမှ မဟုတ်သော စွမ်းအင်ထုတ်လုပ်မှုများ ပိုမိုဖော်ဆောင်ပေးရေးတို့ကို တောင်းဆိုကြတာဖြစ်ကြောင်း Green Citizens’ Action Alliance အဖွဲ့မှ
အထွေထွေအတွင်းရေးမှူးချုပ် ဆုရှင်းက စုရုံးချီတက်မှုအတွင်းမှာ သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်ဝမ်မှာရှိတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ လေးရုံကို ပိတ်သိမ်းသွားဖို့ စီစဉ်လုပ်ဆောင်သွားမှာဖြစ်ကြောင်း စီးပွားရေးရာဝန်ကြီးဌာနက ကတိပေးပါတယ်။

၂၀၂၅ ခုနှစ်မှာ ထိုင်ဝမ်ကို နျူကလီးယားကင်းမဲ့နယ်မြေဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနက ပြောပြီး ထိုင်ဝမ်ရဲ့ ဓာတ်အားလိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်တွေက ထုတ်ယူသွားမှာဖြစ်ကြောင်း ဖြည့်စွက်ဆိုပါတယ်။

နျူကလီးယားမှမဟုတ်သော စွမ်းအင်ထုတ်လုပ်မှုကို ဦးတည်လုပ်ဆောင်နေပြီး ကာဗွန်ထုတ်လုပ်မှု လျော့ပါးရေးကိုလည်း ဖော်ဆောင်လျက်ရှိနေကြောင်း မတ် ၁၁ ရက်က ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags