မန္တလေး၊ မတ် ၁၀ ။ ။ ၂၀၁၆- ၂၀၁၇ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၈ရက်မှ စတင်၍ မြန်မာနိုင်ငံတစ်ဝန်း၌ တပြိုင်နက်တည်း ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၁၈၀၌ ဖြေဆိုသူ ၉၅.၀၇ ရာခိုင်နှုန်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှသိရှိရသည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ်၊ (၂၈)မြို့နယ်ရှိ စာစစ်ဋ္ဌာန (၁၈၀) တွင် စာရင်းရှိစုစုပေါင်း ကျောင်းသား (၁၀၅,၀၂၄)ဦးမှ ကျား (၄၃,၄၇၆) ဦး၊ မ (၅၆,၃၆၇)ဦး၊ စုစုပေါင်း (၉၉၈၄၃) ဦး ဝင်ရောက်ဖြေခဲ့ခြင်းဖြစ်သည်။
၎င်းတို့အနက် ဆေးရုံတက်ရောက်ဖြေဆိုသူ ကျား (၂)ဦး၊ မ (၄)ဦး၊ စုစုပေါင်း (၆) ဦး၊ အမြင်အာရုံချို့တဲ့သူ ကျား (၂)ဦး၊ မ (၁)ဦး၊ စုစုပေါင်း (၃) ဦး၊ ဆွံ့အသူအကြားအာရုံချို့တဲ့သူ ကျား (၅)ဦး၊ မ (၃)ဦး၊ စုစုပေါင်း (၈)ဦး၊ ကိုယ်အင်္ဂါချို့တဲ့သူ ကျား (၂)ဦး၊ မ (၁)ဦး၊ စုစုပေါင်း (၃) ဦး ပါဝင်သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပညာရေးမှူးနှင့် စာစစ်ဌာန ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်းသိရသည်။